မင်္ဂလာပါ ပျိုမေတို့ရေ။ ငယ်ရွယ်တဲ့အချိန်က ပြန်မရတာမို့ အသက်ငယ်တုန်းမှာ ကိုယ့်ပုံစံကိုယ် စိတ်ကြိုက်ပြောင်းလဲကြည့်ဖို့ တွေဝေမနေသင့်ပါဘူးနော်။ အနည်းဆုံးတော့ ကိုယ်လိုချင်တဲ့ ဆံပင်ကာလာလေးပြောင်းတာက သင့်ကို စိတ်သစ်ကိုယ်သစ်ဖြစ်ပြီး ယုံကြည်မှုလည်း ပိုတိုးစေမှာပါ။ ဒါ့အပြင် ငယ်ရုပ်မပျောက်သေးတဲ့အချိန်က အရောင်တောက်တောက်လေးတွေဆိုးလည်း ကြည့်ကောင်းတာမို့ Try ကြည့်တာ မမှားပါဘူး။ ဒီတော့ စိတ်ဝင်စားတဲ့ပျိုမေတို့အတွက် အသက်ငယ်တုန်း ပြောင်းကြည့်သင့်တဲ့ ဆံပင်အရောင် လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ် လူငယ်မိန်းကလေးတွေကြား အရမ်းခေတ်စားသလို အသားညိုသူ၊ ဖြူသူမရွေး လိုက်ဖက်ပြီး ထင်းနေစေမယ့် ကာလာလေးတွေဖြစ်လို့ ဒီထဲက တစ်ရောင်လောက်ရွေးပြီး ဆိုးကြည့်လိုက်ပါနော်။

Copper အရောင်

အသားအရမ်းဆောင်တဲ့ ကာလာလေးဖြစ်ပြီး လူငယ်ကောင်မလေးတော်တော်များများကြိုက်ကြပါတယ်။ ရွှေအိုရောင်ဘက်သွားပြီး နေရောင်ထဲမှာ အနီသမ်းတဲ့ဒီအရောင်လေးက ထူးထူးခြားခြားနဲ့ မျက်နှာလေးလင်းစေမှာပါ။

Rose Gold အရောင်

ပန်းရောင်ဖျော့ဖျော့လေးလင်းတဲ့ Rose Gold အရောင်လေးကလည်း မိန်းကလေးဆန်ပြီး အရုပ်ကလေးလို ချစ်စရာကောင်းစေမှာပါ။

Ash Grey Green အရောင်

ဒီလို မီးခိုးစိမ်းရောင်လေးကလည်း ငြိမ်ငြိမ်လေးနဲ့ အရောင်ထွက်ဆန်းတဲ့ ကာလာလေးပါ။

Wine ကာလာလေး


ပန်းရောင်နဲ့ အနီစပ်ထားသလို ဒီကာလာလေးကလည်း Celebrity တွေ ဆိုးတတ်တဲ့အရောင်လေးဖြစ်ပြီး အသားဖြူတဲ့သူတွေနဲ့ဆို အရမ်းလိုက်ပါတယ်။

Lavender အရောင်


Lavender ခရမ်းရောင်လေးကလည်း အရမ်းလှပါတယ်နော်။ Highlight ဆိုးမယ်ဆိုရင်လည်း လိုက်ဖက်တဲ့ကာလာလေးပါ။

စိမ်းပြာရောင်


စိမ်းပြာရောင်တောက်တောက်လေးကလည်း သင့်ကို လုံးဝအထာကျစေမှာပါနော်။

Platinum Blonde အရောင်


Platinum Blonde လေးကလည်း အရောင်လေးဆန်းပြီး ပုံမသွင်းဘဲ ဒီတိုင်းချထားရင်တောင် ဘိုဆန်ပြီးလှပါတယ်။ Baby Highlight လေးတွေဖောက်ရင်လည်း အရမ်းလိုက်ဖက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar