ရာသီပေါ်ဖက်ရှင်တွေစိတ်ဝင်စားကြတဲ့ ပျိုမေတို့မင်္ဂလာပါနော်။ ဒီရက်ပိုင်း နေအရမ်းပူလာပြီမို့ ရာသီဥတုနဲ့အညီ သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုလာပါပြီ။ ဒီတစ်ခေါက်မှာ အပြင်ခဏခဏထွက်လေ့ရှိသူတွေ၊ ရာသီမရွေး ဖက်ရှင်ကျကျဝတ်ဆင်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီလိုရာသီမှာ ကိုယ့်ရဲ့အဝတ်အစားကြောင့် ပူအိုက်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့လည်းလှ၊ အထာလည်းကျစေမယ့် Outfit အိုင်ဒီယာလေးတွေကိုမျှဝေပေးချင်ပါတယ်။ အရပ်အတို၊အရှည်မရွေး လိုက်ဖက်တဲ့ Fashion လေးတွေပါဝင်တာကြောင့် စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

လက်ပြတ်အင်္ကျီလေးတွေ ဝတ်ချင်တဲ့သူတွေအတွက် ဒီလို Outfit လေးတွေ ဝတ်ကြည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းလှပါတယ်။


ဒီလို ပန်းလေးတွေနဲ့ အရောင်တောက်တောက်လေးတွေပါတဲ့ Blouse အပါးလေးတွေကိုလည်း စကပ်အတိုလေးနဲ့တွဲပြီး ဝတ်ကြည့်ပါ။ အသားအေးပြီး သင့်ကိုသက်တောင့်သက်သာဖြစ်စေပါလိမ့်မယ်။

ဘောင်းဘီအကျပ်တွေ ဂျင်းသားအကျပ်တွေက ပိုပူအိုက်စေတာကြောင့်နွေရာသီနဲ့မသင့်တော်ပါဘူး။ ဒါကြောင့် ဂျင်းဘောင်းဘီဝတ်ပြီး အထာကျချင်သူတွေအနေနဲ့ ဒီလို တီရှပ်ပြောင် (သို့) ကော်လာအင်္ကျီလေးတွေနဲ့ ဂျင်းအတို အပွလေးတွေကိုတွဲဝတ်ကြည့်ပေးပါ။


ချည်သားအပါးလေးတွေကလည်း ဝတ်ရတာသက်တောင့်သက်သာအရမ်းဖြစ်တဲ့အပြင် ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျနေစေမှာပါ။


ဒီလိုလက်ရှည်အင်္ကျီအပါးလေးတွေသီးသန့် ဒါမှမဟုတ် တစ်ထပ်တွဲဝတ်တာမျိုးက နေပူမခံချင်သူတွေအတွက် အဆင်ပြေတဲ့အပြင် ယောကျ်ားဆန်တဲ့ Fashion မျိုးကြိုက်ကြတဲ့ လူငယ်မိန်းကလေးတွေနဲ့လိုက်ဖက်စေမှာပါ။


ဂါဝန်အတိုအရှည် အပါးလေးတွေကလည်း နွေရာသီနဲ့အရမ်းလိုက်တာမို့ ဂါဝန်ကြိုက်တဲ့သူတွေ ဝတ်ကြည့်သင့်ပါတယ်နော်။


Blouse အပါးတွေကို ဒီလိုစကပ်ရှည်နဲ့တွဲဝတ်တာမျိုးကလည်း ရုံးသွားရုံးပြန်နဲ့လိုက်ဖက်တဲ့ အထာကျကျ Fashion ပုံစံလေးတွေဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar