ဘောင်းဘီအတို အပွတွေက ရာသီမရွေး ဝတ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစားလို့ ပြောလို့ရပါတယ်။ အခုနောက်ပိုင်း BKK Brand တွေက ထုတ်တဲ့ ဘောင်းဘီအတိုလေးတွေကို ပျိုမေတို့ နှစ်ခြိုက်လာကြပါတယ်။ ဒီဘောင်းဘီအတိုလေးတွေကို အရောင်အလိုက် ပုံစံ အမျိုးမျိုး ပြောင်းဝတ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောင်းဘီအတိုကို တခြားအပေါ်ထပ် အင်္ကျီနဲ့ စတိုင်မိမိ ပေါ့ပေါ့ပါးပါး ဘယ်လိုဝတ်ဆင်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

တီရှပ်အင်္ကျီနဲ့ ပေါ့ပေါ့ပါးပါး

တီရှပ်ကို ဘောင်းဘီတိုထဲ ထည့်ဝတ်ကာ ဘောင်းဘီအရောင်နဲ့ အိတ်အရောင် တွဲပေးလိုက်တာက ရိုးရိုးလေးနဲ့ စတိုင်မိုက်စေပါတယ်။

ရှပ်အပါးနဲ့

လက်တို ရှပ်အပါးကို ဘောင်းဘီတိုထဲ ထည့်ဝတ်တဲ့ဖက်ရှင်က တည်တည်တံ့တံ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေပါတယ်။

အဖြူရောင် ဖက်ရှင်

သင်က Trip ထွက်မယ်ဆိုရင် ဒီစတိုင်က အဆင်ပြေပါတယ်။ ဘောင်းဘီအဖြူနဲ့ အတူ တီရှပ်အဖြူ၊ Sneaker အဖြူက အရောင်လွင်လွင်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ပန်းရောင်ဘောင်းဘီတိုကို ပိုင်ဆိုင်ထားရင်

သင်က ပန်းရောင်ဘောင်းဘီတို တစ်ထည်ကို ပိုင်ဆိုင်ထားရင် အင်္ကျီကို ပန်းရောင်ဖောက်ထားတဲ့ အရောင်ကို ရွေးသင့်ပါတယ်။

အင်္ကျီလက်ရှည်

​အနေတော် အေးတဲ့ နေရာမှာ နေတဲ့ ပျိုမေတွေ ဒီပုံစံကို ဝတ်နိုင်ပါတယ်။

အင်္ကျီလက်ရှည် အပြာ

နွေရာသီကိုယ်စားပြု အပြာရောင်ကို ပူအိုက်တဲ့အချိန် ဘောင်းဘီတိုနဲ့ တွဲဝတ်နိုင်ပါတယ်။

Flannel Shirt နဲ့

အကွက်ဆင် Flannel Shirt နဲ့အတူ ဘောင်းဘီတို၊ ရင်ခံလက်ပြတ်အင်္ကျီက လိုက်ဖက်နေမှာပါ။

အစင်းကြောင်း Shirt

အစင်းကြောင်း Shirt တွေကလည်း ပျိုမေတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်အဝတ်အစားထဲ ပါဝင်ပါတယ်။ ဘောင်းဘီတို အထက်ကနေ အစင်းကြောင်း Shirt ကို အပေါ်ထပ်အနေနဲ့ ဝတ်နိုင်ပါတယ်။

Crop အဝတ်အစားပုံစံကို သိပ်သဘောမကျရင် ဒီစတိုင်က အဆင်ပြေပါတယ်။

မိန်းကလေးဆန်ဆန်

ဘောင်းဘီတို နဲ့အတူ အပေါ်ထပ် လက်ရှည် Crop တွေက မိန်းကလေးဆန်ဆန် လှစေပါတယ်။

ခါးပတ်နဲ့ ဝတ်မယ်ဆိုရင်

သင်က ခါးပတ်ပတ်လေ့ရှိသူဆိုရင် ဘောင်းဘီတိုနဲ့ အတူ အပေါ်ထပ် ရှပ်လက်တိုကို ပိုင်ဆိုင်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar