မင်္ဂလာပါနော်။ လက်သည်းနီဒီဇိုင်းဆန်းလေးတွေ စမ်းဆိုးရတာကြိုက်တဲ့ ပျိုမေတို့အတွက် ခေတ်ဆန်ပြီး အရမ်းလှတဲ့ Airbrush Nail ဒီဇိုင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ Airbrush Nail ဒီဇိုင်းဆိုတာက အရောင်တစ်မျိုးထဲကိုမှ အရောင်ခပ်ရင့်ရင့်ကို အလယ်နားမှာဆိုးပြီး ဘေးဘက်ကိုတော့ အရောင်နုလေး ဖြာထွက်သွားတဲ့ပုံစံ စပ်ဆိုးရတာမျိုးပါ။ ဒီလိုအနုအရင့်ကိုမှ အရောင်ပြေးပုံစံလေးက Trend လည်းဖြစ်တာမို့ လူငယ်ကောင်မလေးတွေ အကြိုက်တွေ့စေမှာပါ။ အသားအရောင်မရွေး၊ လက်သည်းအတို၊ အရှည်မရွေး လိုက်ဖက်နေမှာဖြစ်လို့ လက်သည်းနီဆိုးရတာကြိုက်တဲ့သူတိုင်း စမ်းဆိုးကြည့်သင့်တဲ့ဒီဇိုင်းလေးလို့ ပြောလို့ရပါတယ်။ ဒီတော့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်-

ပန်းရောင်ဒီဇိုင်းလေး


အပြာရောင်ဒီဇိုင်းလေး


ခရမ်းရောင်ဒီဇိုင်းလေး


နီညို၊ Peach အရောင်လေး


အစိမ်းရောင် ဒီဇိုင်းလေး

အနီရောင်ဒီဇိုင်းလေး


လိမ္မော်ရောင်ဒီဇိုင်းလေး

ရောင်စုံဒီဇိုင်းလေးတွေ

French Tip နဲ့တွဲဆိုးရတဲ့ ဒီဇိုင်းလေး

Photo Source: Pinterest

By MyStyle Myanmar