အခုနောက်ပိုင်း အထူးသဖြင့် လူငယ်ကောင်မလေးတွေကြားမှာ အရမ်းဟော့ဖြစ်နေတဲ့ ဘောင်းဘီရှည်ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဂျင်းဘောင်းဘီအရှည်ကားကားလေးကို အပေါ်ကနေ ချစ်ဖို့ကောင်းတဲ့ Crop Top ရောင်စုံလေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဖိနပ်ကိုတော့ Sneakers လေးစီးဖို့ မမေ့ပါနဲ့။ နေပူထဲသွားမယ်ဆိုရင်တော့ ဦးထုပ်လေးဆောင်းပါ။

နောက်ပိုင်းမှာ မိန်းကလေးတိုင်းလိုလိုဝတ်ကြတဲ့ Pants အပွလေးတွေကို အပေါ်ကနေ တီရှပ်ဗြောင်လေးတွေနဲ့ တွဲဝတ်ပြီး ကုတ်အပါးလေးတွေ ထပ်ဝတ်လိုက်မယ်ဆိုရင်တော့ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းနေမှာပါ။ ဒီလိုဖက်ရှင်လေးတွေဝတ်ရင်တော့ Sneakers လေးတွေစီးဖို့ မမေ့ပါနဲ့။

Bell Pants လေးတွေကိုဝတ်မယ်ဆိုရင် Crop Top လေးတွေနဲ့ပဲဖြစ်ဖြစ်၊ ဒီလိုချစ်ဖို့ကောင်းတဲ့ လက်ရှည် Crop Top လေးတွေနဲ့ပဲဖြစ်ဖြစ် တွဲဝတ်ပြီး Sneakers လေးစီးလိုက်မယ်ဆိုရင်တော့ လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။

ဒီလိုခပ်မိုက်မိုက်ဘောင်းဘီလေးတွေဝတ်မယ်ဆိုရင် အပေါ်ကနေ ကြိုးတစ်လုံးလေးတွေနဲ့သာ တွဲဝတ်ပြီး Sneakers လေးစီးပါ။

ဂျင်းဘောင်းဘီအကားလေးတွေ၊ အပွလေးတွေကို ရိုးရိုးရှင်းရှင်း တီရှပ်အပွလေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ ကိုယ်နှစ်သက်ရာ လက်ရှည်လေးတွေ၊ အနွေးထည်လေးတွေ ထပ်ဝတ်ပြီး Sneakers လေးစီးပါ။ ဒီဖက်ရှင်ဆိုရင် ဆောင်းရာသီမှာပဲဖြစ်ဖြစ်၊ နေပူထဲသွားရင်ပဲဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

ကိုရီးယားဆန်ချင်ရင်တော့ ဂျင်းဘောင်းဘီအရှည်လေးတွေကို ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ Cardigan အပါးလေးတွေထပ်ဝတ်ပါ။ Sneakers တော့စီးဖို့မမေ့ပါနဲ့။ ဒီဖက်ရှင်လေးဆိုရင် နေပူထဲထွက်တဲ့အခါမှာ တော်တော်အဆင်ပြေမှာပါ။

ထသွားထလာအဆင်ပြေအောင်ဆိုရင်တော့ ဂျင်းဘောင်းဘီရှည်အကားလေးတွေကို ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး Sneakers လေးသာစီးလိုက်ပါ။

Photo source: www.pinterest.com