2024 မှာတော့ Ribbon လက်သည်း ခြေသည်းဒီဇိုင်းလေးတွေက အရမ်းခေတ်စားလာပါတယ်။ လက်သည်းကို Ribbon ဒီဇိုင်းပုံဖော်ကြပေမယ့် ခြေသည်းကိုတော့ သိပ်ပြီး ပုံမဖော်ဖြစ်ကြပါဘူး။ ဒါကြောင့် ခေတ်ရေစီးကြောင်းအတိုင်း ပုံဖော်လို့ရအောင် ခြေသည်းပုံဖော်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် Trends ဖြစ်နေတဲ့ လူငယ်ဆန်ဆန် Ribbon ခြေသည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Ribbon ဒီဇိုင်းတစ်မျိုးထဲမဟုတ်ပဲ ပန်းပွင့်ဒီဇိုင်းလေးပါ ပါတဲ့အတွက် ပိုလူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ပိုပြီးတော့လည်း ပေါ်လွင်စေပါတယ်။

အရောင်နုနု ဒီလိုအရောင်လေးဆိုးမယ်ဆိုရင်တော့ Ribbon ဒီဇိုင်းလေးပဲ ခြေမမှာပုံဖော်ပါ။ အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

နောက်ထပ် လှပပြီး ပေါ်လွင်နေစေမယ့် ခြေသည်းဒီဇိုင်းလေးပါ။ လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

အနက်ရောင်၊ နက်ပြာရောင် ဆိုးမယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့လှသလို ချစ်ဖို့လည်းကောင်းပါတယ်။

အရောင်တောက်တောက်လေးတွေ၊ ထင်းတာလေးတွေဆိုးပြီးတော့ ခြေမကို ဒီလိုဒီဇိုင်းလေး ပုံဖော်တာလည်း လှပါတယ်။ လူငယ်ဆန်တဲ့ဒီဇိုင်းလေးပါ။

Ribbon ကို တစ်ခုထဲကြီးကြီးလေး ပုံဖော်မယ်ဆိုရင် ဒီလိုလေးပုံဖော်ပြီး ဒီလိုအရောင်လေးဆိုးကြည့်ပါ။ အရောင်ငြိမ်ငြိမ်လေးနဲ့ အရမ်းလှသလို အသားလည်းဆောင်ပါတယ်။ ဒီဇိုင်းကလည်း ရှင်းရှင်းလေးမို့ ဘယ်တော့မှ ရိုးမသွားစေပါဘူး။

ခြေဖမှာ Ribbon ကို အပြည့်ပုံဖော်ထားတာလေးက ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဒီခြေသည်းဒီဇိုင်းလေးကတော့ လူငယ်၊ လူလတ်ပိုင်းအထိ လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။

အရောင်နုနုလေးတွေ ဆိုးမယ်ဆိုရင် ဒီလိုလေးဆိုးကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ Ribbon ခြေသည်းဒီဇိုင်းလေးပါပဲ။ ပွဲတက်အတွက်လည်း အဆင်ပြေတဲ့ပုံစံလေးပါ။

ပွဲတက်အတွက် အရမ်းလှတဲ့ နောက်ထပ် Ribbon ခြေသည်းဒီဇိုင်းလေးပါ။ လူငယ်ကနေ လူလတ်ပိုင်းအထိ လိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။