မင်္ဂလာပါနော်။ ထမင်းစားလိုက်တိုင်း ဒါမှမဟုတ် အစာတစ်ခုခုစားလိုက်တိုင်း ရင်ပူလောင်ခြင်းနဲ့ အစာမကြေခြင်းတွေဖြစ်တတ်ပါတယ်။ ရင်ပူလောင်တာကတော့ အစာမျိုပြွန်ထဲကို အက်စစ်ရည်တွေ ဆန်တက်လို့ နာတာကိုဆိုလိုတာပါ။ ဒီကနေ့ လူဦးရေ ၈၀% ခန့်ဟာ ညဖက်မှာ အဲဒီလို ဝေဒနာကိုခံစားရတတ်ပြီး ၄၀% ခန့်ကတော့ တစ်လ တစ်ကြိမ်လောက်ခံစားရတတ်တယ်လို့ထင်ပါတယ်။

ဒီအတွက် ဘယ်လိုကာကွယ်ကုသမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ မှန်ကန်တဲ့ဖက်ကအိပ်ပါ

အိပ်ယာဝင်တဲ့အခါမှာ အစာချေစနစ်ကောင်းမွန်စေဖို့ အိပ်ပေးနိုင်ပါတယ်။ အဲဒီလို အစာချေစနစ်ကောင်းအောင် ဘယ်ဖက်ကိုစောင်းပြီး အိပ်ပေးသင့်ပါတယ်။

၂။ စားမယ့်အစားအစာကို ဂရုစိုက်ပါ

အရမ်းစပ်တာ၊ အရက်၊ ကော်ဖီ၊ အချဉ်သီးတွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ စတဲ့ ပူပူစပ်စပ် အရမ်းစားတာကို ရှောင်ပါ။

၃။ အစာကိုကြေညက်အောင်ဝါးပါ

အစာစားတဲ့အခါ အစားအစာကို သေချာကြေညက်အောင်ဝါးပေးပါ။ အများကြီးမစားဘဲ နည်းနည်းချင်းပဲ စားပေးပါ။ အရမ်းအေးတဲ့အစားအစာကို ရှောင်ပါ။

၄။ ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ

အရက်အရမ်းသောက်တာ ဆေးလိပ်သောက်တာတွေကို ရှောင်ပေးပါ။ ကိုယ်အလေးချိန်လျှော့ချပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်အတိုင်းရှိပါစေ။

၅။ အစာကြေစေတဲ့အစားအစာစားပါ

အသီးအရွက်တွေ၊ ဂျင်း၊ ကွေကာအုပ်စတာတွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် ထောပတ်သီး၊ အခွံမာသီးတို့လို Omega 3 ကြွယ်ဝတဲ့အစားအစာတွေလည်း စားပေးနိုင်ပါတယ်။

၆။ အရမ်းကြပ်တဲ့အဝတ်အစားတွေကိုရှောင်ပါ

အင်္ကျီ အဝတ်အစား ကြပ်ကြပ်တွေကို ရှောင်ပေးပါ။ အဲဒီလိုအဝတ်အစားကြပ်ကြပ်လေးတွေဟာ အစာစားတဲ့အခါမှာလည်း ဗိုက်တင်းပြီး မအီမသာဖြစ်စေပါတယ်။

၇။ စိတ်ဖိစီးမှုကိုလျှော့ချပါ

သင့်ရဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျှော့ချလိုက်ပါ။ စိတ်ဖိစီးမှုများတာဟာ အစားပိုစားစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပိုင်းမသက်မသာဖြစ်စေပြီး ရင်ပူစေပါတယ်။ ယောဂလေ့ကျင့်ခန်းတို့လို လေ့ကျင့်ခန်းတွေလုပ်ပါ။