အထူးသဖြင့် လူငယ်ကောင်မလေးတွေအတွက် အခုခေတ်စားနေတဲ့ပုံစံမျိုးနဲ့ စတိုင်လ်ကျပြီးလှနေစေမယ့် Jean Pants Outfits တွေကို ဖော်ပြပေးလိုက်ပါတယ်။ အခုနောက်ပိုင်း အတိုတွေထက် Jean Pants အရှည်အပွလေးတွေက ပိုပြီးခေတ်စားနေတာပါ။ ဒီလို Jean Pants တွေကို ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ရမလဲ မသိတဲ့သူတွေနဲ့ အပြင်တစ်ခါထွက်ရင် ဘယ်လိုတွေ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို စဉ်းစားရခက်နေတဲ့သူတွေအတွက်တော့ အရမ်းကိုအသုံးဝင်စေမယ့် Outfits တွေ ဖြစ်ပါတယ်။

Jean Pants အပွလေးတွေကိုဝတ်မယ်ဆိုရင် အခုနောက်ပိုင်း အရမ်းဝတ်နေကျတဲ့ ဒီလို ကော်လံ Top လေးနဲ့ တွဲဝတ်ကြည့်ပါ။ ကိုယ်ဝတ်မယ့် Jean အရောင်က အဖျော့ဆိုရင် Top ကို အပြာလေးနဲ့ တွဲဝတ်ပါ။

Jean Pants အပွတွေကို Body Fit Top အနက်ရောင်လေးနဲ့ တွဲဝတ်ပြီး Sneakers အဖြူလေးသာ စီးလိုက်မယ်ဆိုရင်တော့ ဖက်ရှင်ကျပြီး အရမ်းချစ်ဖို့ကောင်းနေမှာပါ။

Crop Top ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေဆိုရင် ထွေထွေထူးထူး စဉ်းစားနေစရာမလိုပါဘူး။ Jean Pants အပွတွေကို Crop Top လေးတွေနဲ့သာတွဲဝတ်ပြီး Sneakers အဖြူလေး စီးလိုက်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

ပေါ့ပေါးပါးပါးနဲ့ ရိုးရှင်းတဲ့ပုံစံမျိုးလေး ဝတ်ချင်ရင်တော့ Jean Pants အပွကို အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ပုံမှာပြထားသလို Sneakers အဖြူ၊ ပိုက်ဆံအိတ်အဖြူလေးတွေနဲ့သာ တွဲဖက်လိုက်ရင် အရမ်းချစ်ဖို့ကောင်းနေမှာပါ။

Jean Pants အပွတွေကို ဒီလို ကော်လံ Shirt လေးတွေနဲ့တွဲဝတ်ရင် အရမ်းပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

လုံးဝကိုအထာကျပြီး မိမိုက်နေချင်ရင်တော့ Jean Pants အပွတွေကို ရင်ပြတ် Top လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ Leather Jacket လေးသာ ထပ်ဝတ်လိုက်ပါ။

အေးတဲ့နေရာဒေသတွေကို ခရီးသွားမယ်ဆိုရင် Jean Pants အပွတွေကို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်ပြီး အပေါ်ကနေ Cardigan လှလှလေးတွေသာ ထပ်ဝတ်လိုက်ပါ။

 

အခုနောက်ပိုင်းမှာ Vest Sweater လက်ပြတ်လေးတွေဝတ်တာကလည်း အရမ်းကိုခေတ်စားနေတာပါ။ ဒါကြောင့် Jean Pants အပွလေးတွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းလိုက်ပါတယ်။ ဖိနပ်ကိုတော့ Sneakers အဖြူလေးသာစီးပါ။ ပိုပြီးချစ်ဖို့ကောင်းစေပါတယ်။

ကိုရီးယားစတိုင်လ်လေးကြိုက်ရင် Jean Pants အပွတွေကို T-shirt အပွတွေနဲ့သာ တွဲဝတ်ပါ။ ဝတ်ရတာလည်း အရမ်းပေါ့ပါးပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။

ဒီအင်္ကျီဒီဇိုင်းလေးတွေဆိုရင် ကိုရီးယားမလေးတွေ အရမ်းဝတ်ပါတယ်။ Jean Pants လေးတွေနဲ့ တွဲပြီးတော့ကို ဝတ်တာပါ။ ဒီအင်္ကျီလေးတွေက အခုနောက်ပိုင်း Online Shopping တော်တော်များများမှာလည်း ရောင်းနေကြပါတယ်။

photo source:www.pinterest.com