ခရီးသွားတဲ့အခါ အရင်ကတော့ လူအများစုနဲ့ အတူသွားကြပေမယ့် အခုနောက်ပိုင်း တစ်ကိုယ်တော်ခရီးသွားတာက လူငယ်တွေကြားမှာ ခေတ်စားလာပါတယ်။ ဒါကြောင့် တစ်ကိုယ်တော်ခရီးသွားတာကို သဘောကျတဲ့မိန်းကလေးတွေအတွက် အဆင်ပြေစေဖို့ လိုအပ်တဲ့ခရီးသွားအကြံပြုချက်တချို့ကို ဝေမျှပေးချင်ပါတယ်။

ဟိုတယ်တော်တော်များများရဲ့အခန်းတွေက နှစ်ယောက်ခန်းတွေဖြစ်တာမလို့ အခန်းယူရင် နှစ်ယောက်ခန်းယူရတာ ၊ တချို့စားသောက်ဆိုင်မှာ အနည်းဆုံး နှစ်ယောက်စာမှာရတာတွေ ရှိတာမလို့ တစ်ယောက်တည်းခရီးသွားတာက ငွေကုန်ကြေးကျ နည်းနည်းပိုတတ်ပါတယ်။ ဒါ့အပြင် ခရီးသွားချိန် ပိုက်ဆံအိတ် အခိုးခံရတာမျိုး ပျောက်တာမျိုးကြုံတတ်တာမလို့ အရန်အနေနဲ့ အရေးပေါ်ရန်ပုံငွေတွေလည် ဖယ်ထားပါ။

လူလိမ်လူညာဆိုတာက နေရာတိုင်းမှာရှိတာမလို့ ခရီးသွားတဲ့အခါ သတိထားဖို့လိုပါတယ်။ အထူးသဖြင့် မိန်းကလေးတစ်ယောက်တည်း ခရီးသွားတဲ့အခါ ပိုပြီးသတိထားဖို့လိုပါတယ်။ ဒါကြောင့် မသွားခင် လေယာဥ်လက်မှတ် ဟိုတယ်ဘိုကင်တို့ကို သေချာအောင်လုပ်ပါ။

တစ်ယောက်တည်းခရီးသွားတဲ့အခါ ကားဌားတာထက် အများသုံးယာဉ်ဖြစ်တဲ့ ဘတ်စ်ကား ၊ မြေအောက်ရထားတို့ကိုသုံးတာက အကုန်အကျနည်းသလို အကုန်အကျလည်းနည်းပါတယ်။ ဒါပေမယ့် ဝေးတဲ့နေရာတွေစီသွားဖို့ ကားဌားရမယ်ဆိုရင် သေချာပြီးမှန်ကန်တဲ့နေရာကို ကြိုတင်ဘွတ်ကင်လုပ်တာက ပိုအဆင်ပြေပါတယ်။

နိုင်ငံခြားခရီးသွားတဲ့အခါ ငွေအများကြီးသယ်သွားတာက အန္တာရယ်များတာကြောင့် ဒီလိုသယ်မယ့်အစား နေရာတိုင်းမှာသုံးလို့ရတဲ့ Bank Card တို့ကိုသုံးပါ။ တကယ်လို့ ငွေသားလိုလို့ ငွေထုတ်ရမယ်ဆိုလည်း သင့်တင့်တဲ့ ငွေလဲနှုန်းကိုရစေဖို့ ယုံကြည်စိတ်ချရတဲ့ Bank or ATM မှာ ထုတ်ပါ။