အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူအနေနဲ့ ဒီအချိန်ခရီးသွားရမယ်ဆိုရင် ဘယ်နေရာကို အသွားချင်ဆုံးလဲ။ ဒီလိုအချိန်က စိမ်းစိုစို သစ်ပင်တွေ အုပ်ဆိုင်းထားပြီး သဘာဝရှုခင်းတွေနဲ့ လှပနေတဲ့ နေရာတွေက သွားလို့အကောင်းဆုံးပါ။ ကျွန်မတို့ ခရီးသွားတဲ့အချိန် ရှုမငြီးတဲ့ ရှုခင်းတွေကို တွေ့တိုင်း လှလွန်းလို့ အမှတ်တရ ဓာတ်ပုံရိုက်ထားတတ်ပါတယ်။

သင်ကိုယ်တိုင်လည်း ဒီရှုခင်းတွေနဲ့အတူ ဓာတ်ပုံရိုက်နိုင်ပါတယ်။ သင်က ခရီးကြောင့် မိတ်ကပ်မလိမ်းမိထားလို့ ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာကို အသားမပေးတဲ့ ပုံလေးတွေက ပိုအဆင်ပြေပါတယ်။ ရှုခင်းနဲ့အတူ ကိုယ်ပါ ဓာတ်ပုံရိုက်လိုက်တဲ့အချိန် ပိုပြီး အမှတ်တရဖြစ်သွားမှာပါ။ သင်က မျက်နှာလည်း သိပ်မပြချင်ဘူး..ရှုခင်းကိုပဲ အဓိကဦးစားပေးရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးတွေက ရှုခင်းနဲ့ ပနံရနေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar