သားသမီးတွေဟာ မိခင်ဆီကနေ DNA တွေကို ၅၀ ရာခိုင်နှုန်းခန့် လက်ခံရရှိပြီး ဖခင်ထံမှ DNA များကိုလည်း ၅၀ ရာခိုင်နှုန်းခန့် လက်ခံရရှိတယ်လို့ ဇီဝဗေဒ သင်ခန်းစာတွေမှာ ဖတ်ရှုလေ့လာခဲ့ဖူးကြပါလိမ့်မယ်။ ဖခင်နဲ့ ရုပ်ချင်းဆင်လျှင် ဖအေတူသား၊ ဖအေတူသမီးလို့ အပြောခံရပြီး မိခင်နဲ့ ရုပ်ချင်းဆင်လျှင် မအေတူသား၊ မအေတူသမီးလို့ ပြောကြပါတယ်။ သင်ရော သင့် ဖခင်ထံမှ ဘယ်လို အမူအကျင့်နဲ့ သွင်ပြင်လက္ခဏာတွေကို အမွေဆက်ခံရရှိထားပါသလဲ။

အရပ်အနိမ့်အမြင့်

ဒီအချက်က သိပ္ပံနည်းပေါ် အခြေခံကာ ကောက်ချက်ချထားတာဖြစ်ပါတယ်။ ဖခင်ဆီက လက်ခံရရှိတဲ့ မျိုးရိုးဗီဇတွေဟာ သားသမီးရဲ့ အရပ်ရှည်ခြင်းနှင့် ကြီးထွားမှုဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။ မိဘနှစ်ပါးစလုံးရဲ့ မျိုးရိုးဗီဇဟာ သားသမီးတစ်ယောက်ရဲ့ အရပ်အနိမ့်အမြင့်အပေါ် လွှမ်းမိုးမှုရှိတယ်ဆိုပေမယ့် ဖခင်ရဲ့ မျိုးရိုးဗီဇက ပိုမိုလွှမ်းမိုးမှုရှိပါတယ်။

ခြွင်းချက်အနေနဲ့ ငယ်ရွယ်စဉ်မှာ လုံလောက်တဲ့အာဟာရ ရရှိမှုသည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တာကိုလည်း သိထားသင့်ပါတယ်။ ဖခင်က ဘယ်လောက်ပဲ အရပ်ရှည်နေပါစေ ထိုကလေးဟာ ငယ်ရွယ်စဉ်မှာ ဖျားနာခြင်းကြောင့်ပဲဖြစ်ဖြစ်၊ လုံလောက်တဲ့အာဟာရ မရရှိတဲ့အတွက်ကြောင့်ပဲဖြစ်ဖြစ် ကလေးရဲ့ အရပ်က ဖခင်လိုမျိုး ရှည်မလာတာကိုလည်း အချို့ဖြစ်စဉ်တွေမှာ တွေ့မြင်နိုင်ပါတယ်။

နောက်ဖြစ်စဉ်တစ်ရပ်အနေနဲ့ ဖခင်က အရပ်မရှည်ဘဲနဲ့ သားသမီးက အရပ်ရှည်နေတဲ့အခါ အဖေဘက်က အဘိုးရဲ့ အရပ်ကြောင့်လည်းဖြစ်နိုင်သလို ဖြည့်စွက်စာများနှင့် အာဟာရများ၊ အားကစားလိုက်စားမှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထိုအခြေအနေနှစ်ရပ်ကတော့ ထူးခြားဖြစ်စဉ်အဖြစ် ခြွင်းချက်အနေနဲ့ သတ်မှတ်ထားပေးရမှာဖြစ်ပါတယ်။

သွားကျန်းမာရေး

ဖခင်ရဲ့ သွားကျန်းမာရေးက အားနည်းတယ်ဆိုရင် ကလေးလည်းပဲ သွားဆရာဝန်ထံ မကြာခဏ သွားပြရလေ့ရှိတတ်ပါတယ်။ မိခင်က ဘယ်လောက်ပဲ ကျန်းမာခိုင်ခံ့တဲ့ သွားများကို ပိုင်ဆိုင်ထားစေကာမူ ဖခင်ရဲ့သွားတွေက မကောင်းတဲ့အခါ သားသမီးက ထိုအရာကို ဖခင်ထံမှ အမွေဆက်ခံရရှိတတ်ပါတယ်။

ပါးချိုင့်

ပါးချိုင့်တွေဟာ ချစ်စရာကောင်းစေတဲ့ အရာတွေဖြစ်တယ်လို့ လူအများက မှတ်ယူထားကြပါတယ်။ အချို့ဆိုရင် ပါးချိုင့်ကို တမင်လုပ်ဖော်ထားတာတွေရှိပါတယ်။ သို့သော် သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ ပါးချိုင့်တွေဟာ မျက်နှာကြွက်သားများ တစ်စုံတစ်ရာ မှားယွင်းသွားခြင်းကြောင့် (သို့) လုံလောက်တဲ့ မျက်နှာကြွက်သားများ မရရှိတဲ့အတွက်ကြောင့် ပါးချိုင့်ကဲ့သို့ ဖြစ်ရခြင်းဖြစ်တယ်လို့ ပြောကြားထားကြပါတယ်။ ဒီအချက်ကိုလည်း ဖခင်ထံမှ အမွေရကြတာဖြစ်ပါတယ်။

အထက်ဖော်ပြပါအချက်များကတော့ သင့် ဖခင်ထံမှ အမွေဆက်ခံရရှိလေ့ရှိတဲ့ အမူအကျင့် နှင့် သွင်ပြင်လက္ခဏာများ ပဲဖြစ်ပါတယ်။

Source: Brightside