သူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ ကိုယ့်ကို အလိုလို နေရင်း စိတ်ဒုက္ခ ပေးတတ်သူတွေ ရှိပါတယ်။ သူငယ်ချင်း မစစ်တဲ့ သူတွေ ရှိပါတယ်။ သင့်ဘဝ ပျော်ရွှင်မှုက သင်ပေါင်းသင်းတဲ့ အပေါင်းအသင်းတွေနဲ့လည်း ဆိုင်ပါတယ်။ ကိုယ့် ပတ်ဝန်းကျင်ကို ကိုယ့်ကို အားပေးတဲ့ အကောင်းမြင်စိတ် ရှိသူတွေနဲ့ပဲ ဝန်းရံထားသင့်ပါတယ်။ သူငယ်ချင်းတွေထဲမှာ ဒီလို အမူအကျင့်တွေ ရှိတဲ့သူ ပါဝင်တယ်ဆိုရင် သူတို့ကို အဆိပ်အတောက်တွေလို့ သတ်မှတ်ပြီး မပေါင်းသင့်တော့ပါဘူး။
၁။ သင့်အောင်မြင်မှုအတွက်
အဆိပ်အတောက်နဲ့ တူတဲ့ သူငယ်ချင်းတွေက သင် တစ်ခုခု အောင်မြင်ပြီးမြောက်သွားတဲ့အချိန် အပြည့်အဝ မပျော်တတ်ကြပါဘူး။ သူတို့စိတ်ထဲ သင့်အောင်မြင်မှုအတွက် သင်က ကြွားဝါနေတယ်လို့ သတ်မှတ်ထားတတ်ပါတယ်။ သင့်ကိုလည်း ဒါလေး ရတာပဲ ပျော်နေတယ်လို့ ပြောတတ်ပြီး သင်စိတ်ညစ်အောင် လုပ်တတ်ပါသေးတယ်။
၂။ သင် သူငယ်ချင်းသစ်တွေ့တဲ့အချိန်
အဆိပ်အတောက်ရှိတဲ့ သူငယ်ချင်းတွေက သင် အပေါင်းအသင်း သစ်တွေရပြီး အပြင်သွားတဲ့အချိန်မှာ သူတို့က စိတ်ဆိုးတတ်ကြပါတယ်။ သင်က သူ့ကို ကျဉ်လိုက်ပြီ။ သူ့ကို မခင်တော့ဘူးစသဖြင့် သင့်ကို မကောင်းတဲ့လူအဖြစ်ကို ဇာတ်သွင်းတတ်ကြပါတယ်။
၃။ သင့်အားနည်းချက်
Toxic ဖြစ်စေတဲ့ သူငယ်ချင်းတွေက တခြားလူတွေရှေ့မှာ သင့် အားနည်းချက်ကို ဟာ သလုပ်ပြောတတ်ပါတယ်။ သင်နဲ့ သူ ခင်လွန်းလို့ အားမနာတမ်း ပြောတဲ့ စတိုင်မျိုးဖမ်းတတ်ကြပါတယ်ယ်။
၄။ ယောကျာ်းလေး/မိန်းကလေးတစ်ယောက်အနား
သူတို့က သင်နဲ့ အတူရှိတဲ့အချိန် ဆန့်ကျင်ဘက်လိင် ယောကျာ်းလေး တစ်ယောက်လာရင် သင့်ကို မေ့ထားပြီး အဲ့ကောင်လေးနဲ့သာ စကားဝိုင်း ဖွဲ့နေတတ်ပါတယ်။
၅။ တခြားသူအကြောင်း
အဆိပ်ပင်နဲ့ တူတဲ့ သူငယ်ချင်းတွေက တခြားလူတွေအကြောင်းကို ဘယ်တော့မှ အကောင်း မပြောတတ်ကြပါဘူး။ အဆိုးဘက်ပဲ ဦးတည်ကာ ပြောတတ်ကြပါတယ်။
Photo Source: Pinterest
By MyStyle Myanmar