သင်က ဘဝမှာ ကြီးကြီးမားမား အောင်မြင်ချင်တယ်ဆိုရင် အိပ်မက်ကြီးကြီး မက်သင့်သလို အမှန်တကယ် ပန်းတိုင်တွေလည်း ရှိသင့်ပါတယ်။ ပန်းတိုင်တွေ ရှိသူတွေက တခြားသူထက် အလုပ်ကြိုးစားလေ့ရှိပါတယ်။ ကိုယ့်ရည်မှန်းချက်က ပိုမြင့်သရွေ့ ကိုယ် လုပ်တာက ပိုခက်ခဲလေ့ရှိပါတယ်။ ဒီလို ရည်မှန်းချက် ကြီးမားတဲ့ ကောင်မလေးတွေ လုပ်နိုင်မယ့် Challenge ခက်ခက်ခဲခဲတွေကို ဖော်ပြပါရစေ။
၁။ ဘယ်အရာကို မဆို မေးခွန်းထုတ်ပါ
ကိုယ်သိတဲ့ အရာလောက်နဲ့ပဲ ဘယ်တော့မှ မတင်းတိမ်သင့်ပါဘူး။ သင်က တကယ် အောင်မြင်ချင်တယ်ဆိုရင် ဒီကမ္ဘာပေါ်က အကြောင်းအရာတိုင်းကို စိတ်ဝင်တစား လေ့လာသင့်ပါတယ်။ သင်က များများလေ့လာလေ ပိုတော်တဲ့ လူတစ်ယောက် ဖြစ်လေလေပါပဲ။
၂။ ရိုးသားတဲ့ လူတစ်ယောက်
သင်က ရိုးသားတဲ့ လူတစ်ယောက်ပါလို့ သင့်ကိုယ်သင် ထင်နေနိုင်ပါတယ်။ ဒါပေမဲံ့ တကယ့်လက်တွေ့မှာတော့ သင်က သူငယ်ချင်း၊ မိသားစုနဲ့ ကိုယ့်ကိုယ်ကိုယ် မသိဘဲ လိမ်နေနိုင်ပါတယ်။ ဒီလို လိမ်တာတွေကို လျှော့ပြီး စိတ်ထဲ အရှိကို အရှိအတိုင်း ရိုးသားသင့်ပါတယ်။
၃။ စောစောထပါ
ရည်မှန်းချက် ကြီးတဲ့ အမျိုးသမီးတွေ အနေနဲ့ နေ့ရက်တိုင်းကို တန်ဖိုးထားပြီး အချိန်ကို အကျိုးရှိရှိ အသုံးချသင့်ပါတယ်။ ဒီလို အသုံးချတဲ့နေရာမှာ အိပ်ရာထဲ လှဲနေလို့ မရပါဘူး။ ဒါကြောင့် သင့်စိန်ခေါ်မှုထဲ အိပ်ယာ စောစောထတာကိုလည်း ထည့်သင့်ပါတယ်။
၄။ အသုံးအစွဲ တင်းကျပ်ပါ
အိပ်မက်ကြီးကြီး ရှိတဲ့ ကောင်မလေးတွေအနေနဲ့ ငွေကြေးသုံးစွဲမှု အဝင်အထွက်နဲ့ ပတ်သက်ပြီး စိတ်မဖိစီးသင့်ပါဘူး။ ဒီလို စိတ်မဖိစီးအောင် ကိုယ့် ငွေစာရင်းကို သေချာ တွက်ကာ Budget ကို သေသေချာချာ တင်းတင်းကျပ်ကျပ် ထားသင့်ပါတယ်။ အနာဂတ်မှာ ပိုက်ဆံစုမိဖို့ ပိုဖြုန်းမိတာမျိုး မဖြစ်အောင် ကြိုးစား သင့်ပါတယ်။
၅။ ကိုယ့်စားသောက်ပုံကို ပိုကောင်းအောင်လုပ်ပါ
သင်က ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒီစ်ိန်ခေါ်မှုကို ဘယ်လိုစတင်နိုင်သလဲဆိုတော့ မကောင်းတဲ့ အစားအသောက်တွေနေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ပြောင်းစားတာမျိုးပါ။ အစာရှောင်ရမှာမျိုး မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို အစားထိုးလိုက်ရုံပါပဲ။
၆။ မဖြစ်နိုင်တဲ့ ပန်းတိုင်ကို ချမှတ်ပြီး ရောက်အောင် သွားပါ
သင်က မဖြစ်နိုင်ပါဘူးလို့ ထင်ထားတဲ့ အရာတွေကို ရအောင် လုပ်တာကလည်း ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်စေမယ့် အပြုအမူပါပဲ။ အဓိက က ကိုယ် သတ်မှတ်လိုက်တဲ့ ပန်းတိုင်က ခပ်ကြီးကြီး ဖြစ်ဖို့တော့ လိုပါမယ်။
၇။ မကောင်းတဲ့ အကျင့်ဆိုးကို ကျော်လွှားပါ
လူတိုင်းမှာ မကောင်းတဲ့ အကျင့်တွေ ကိုယ်စီ ရှိတတ်ကြပါတယ်။ သင်က အိပ်မက်ကြီးကြီးမက်ထားရင် ဒီအကျင့်ဆိုးကို ဘယ်လိုပြင်နိုင်လဲ ပြန်သုံးသပ်သင့်ပါတယ်။ ဒီအကျင့်ဆိုးကို မလုပ်မိအောင် သင့်ကိုယ်သင် သတိပေးနေသင့်ပါတယ်။
Photo source: Pinterest
By MyStyle Myanmar