မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. ချစ်သူဖြစ်လို့ ပထမဆုံး Date ရတဲ့အခါ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေမှာဆို ပေါ့ပေါ့ပါးပါးလေးတွေ့ဆုံကြပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ လွယ်မယ်မထင်ပါဘူးနော်။ ပထမဆုံး ချိန်းတွေ့မှုက  အချစ်ဇာတ်လမ်းတစ်ခုရဲ့ ပထမဆုံးအမှတ်ရနေမယ့် စာမျက်နှာဖြစ်တာကြောင့် အရေးကြီးတာထက်ကို ပိုအရေးကြီးပါတယ်နော်။

စကားပြောကြတဲ့အခါ စိတ်လှုပ်ရှားပြီး မပြောသင့်တာတွေပြောမိရင် တစ်ယောက်နဲ့တစ်ယောက်ကြား အဖုအထစ်တွေ ဖြစ်သွားနိုင်တာကြောင့် ပထမဆုံးစတွေ့မယ့် Date မှာ ဘယ်လိုအကြောင်းအရာတွေကို ရှောင်ပြောသင့်လဲဆိုတာ ဝေမျှလိုက်ပါတယ်နော်။

နိုင်ငံရေး

ပထမဆုံး Date မှာ လူတွေက နိုင်ငံရေးအကြောင်း မပြောသင့်ဘူးလို့ ပြောရင် မဆိုင်ဘူးလို့ထင်ရပေမယ့် အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ဆွေးနွေးတာက လူတစ်ယောက်ရဲ့အမြင်ကို ပြောင်းလဲစေနိုင်တာ မဟုတ်တာကြောင့်ပါ။

ရည်းစားဟောင်း

လူတိုင်းမှာ ကိုယ့်ထက်အရင် ရည်းစားဟောင်းဆိုတာ ရှိတတ်ကြပါတယ်။ ပထမဆုံး Date မှာ ရည်းစားဟောင်းအကြောင်းကိုမေးပြီး ထပ်ခါထပ်ခါပြောနေမယ့်ဆိုရင် ပျော်ဖို့ကောင်းတဲ့ Date လေး ပျက်စီးသွားပါလိမ့်မယ်။

မိသားစုပြဿနာ

တစ်ယောက်ရဲ့အကြောင်း တစ်ယောက်သိတာကောင်းပေမယ့် ပထမဆုံးစတွေတဲ့နေ့မှာတော့ မိသားစု ပြဿနာတွေပြောပြတာကတော့ အဆင်မပြေပါဘူးနော်။

ဖြစ်ချင်တဲ့ဆန္ဒ

လူတိုင်းမှာ ချစ်သူရည်းစားရလာခဲ့ရင် ဘယ်လိုလေးနေမယ် ဘာတွေလုပ်မယ် စသဖြင့် စိတ်ကူးယဥ်ထားကြတာမျိုး အထူးသဖြင့် မိန်းကလေးတွေမှာ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ပထမဆုံး Date မှာ ဖြစ်ချင်တဲ့ဆန္ဒကို အတင်းဇွတ်ပြောတာတွေက တဖက်လူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

ပိုက်ဆံ

ပိုက်ဆံအကြောင်းပြောကြပြီဆိုရင် လူတွေက စိတ်မသက်မသာဖြစ်တတ်ပါတယ်။ ဒါကြောင့် ပထမဆုံး Date မှာ ပိုက်ဆံအကြောင်းပြောတာကို ရှောင်ပါ။