ကိုယ်သဘောကျရတဲ့ Crush နဲ့တွေ့ရင် ဘာပြောလို့ပြောရမှန်းမသိတော့ဘဲ စကားရှာမရတာမျိုး ဖြစ်ဖူးလား ? နောက်တစ်ခေါက် Crush နဲ့တွေ့ရင် ဒီအကြောင်းလေးတွေ ပြောကြည့်ပါ။ သေချာပေါက် နှစ်ယောက်ကြားက အေးစက်နေတဲ့အခြေအနေကို လျော့စေပြီး ရင်းနှီးမှုတိုးစေတဲ့အပြင် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာဖို့လည်း ကူညီပေးပါတယ်။

ခရီး

အမှတ်တရတွေ ဖန်တီးဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ တွန်းအားပေးနေတဲ့နေရာတွေဆီ ကိုယ် ဒါမှမဟုတ် သူသွားချင်တဲ့နေရာတွေအကြောင်း ပြောတာက အတွေ့အကြုံတွေမျှဝေရင်း နှစ်ယောက်ကြား ပိုရင်းနှီးစေပါတယ်။

Childhood Memories

တစ်ယောက်ယောက်ရဲ့ အတိတ်ကို ပြန်ကြည့်နေသလိုမျိုး ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောတာကလည်း တစ်ယောက်နဲ့တစ်ယောက် ပိုသိလာဖို့ တည်ဆောက်ပေးပါတယ်။

စာအုပ်

ကိုယ့် Crush က စာအုပ်ဖက်ရတာကြိုက်တဲ့သူဆိုရင် သူကြိုက်တဲ့စာရေးဆရာ စာအုပ်တွေအကြောင်းပြောရင်း သူ့ရဲ့အကြိုက်များ၊ ဘဝအမြင်များနဲ့ ခံယူချက်တွေကို သင်ပိုနားလည်လာနိုင်ပါတယ်။

အိပ်မက်

လူတိုင်းမှာ ကြီးကြီးငယ်ငယ် အိပ်မက်တွေ ရှိကြပါတယ်။ ဒါတွေကို ဆွေးနွေးတာကလည်း အနာဂတ်မှာ အောင်မြင်ဖို့ ရည်မှန်းထားတဲ့အရာတွေကို တစ်ယောက်နဲ့တစ်ယောက်သိစေပါတယ်။

Music

နှစ်ယောက်လုံးရဲ့ အကြိုက်ဆုံးသီချင်းတွေ ၊ အဆိုတော်တွေအကြောင်း ဆွေးနွေးတာကလည်း နှစ်ယောက်ကြားမှာ ခင်မင်မှုကို ပိုတိုးစေပါတယ်။

Sports and Fitness

ဝါသနာပါတဲ့ အားကစားအကြောင်း ပုံမှန်လုပ်လေ့ရှိတဲ့ Fitness အကြောင်း ပြောတာကလည်း ရင်းနှီးမှုတိုးစေပါတယ်။

Fashion and Style

Crush က ဖက်ရှင်ဝါသနာပါတဲ့သူဆိုရင် သူရဲ့ Fashion icon or Inspiration အကြောင်းမေးကြည့်ပါ။ စိတ်ဝင်တစားပြန်ဖြေတဲ့အခါ သူ့ရဲ့ တက်ကြွမှုကို သင်ခံစားမိမှာပါ။