ဆံကေသာ အလှအပဆိုတာ မိန်းကလေးတို့အတွက်တော့ သိပ်ကိုအရေးကြီးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် ပျိုမဒီလေးတို့ရဲ့ ဒုတိယအလှမျက်နှာဖြစ်တဲ့ ဆံကေသာ ကျန်းမာလှပသန်စွမ်းစေဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်နော်။ ကဲ..ဘယ်လိုနည်းလမ်းကောင်းလေးဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်..

ပန်းသီးရှာလကာရည် သုံးပါ

ရှာလကာရည်နဲ့ ခေါင်းလျှော်ပေးနိုင်ပါတယ်။ ရှလကာရည်ကို ဦးရေပြားနဲ့ ဆံပင်တစ်ခုလုံးစိုအောင်လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ခေါင်းလျှော်လိုက်ပါ။

ဦးရေပြားကို နှိပ်နယ်ပေးပါ

ခေါင်းမလျှော်ခင် ၅ မိနစ်လောက် ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီလိုနှိပ်နယ်ပေးတာဟာ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

အိပ်ယာမဝင်ခင် ခေါင်းဖြီးပေးပါ


အိပ်ယာမဝင်ခင် ခေါင်းကို သေချာဖြီးပေးပါ။ အဲဒီလိုဖြီးပေးတာဟာ ဦးရေပြားအတွက်လည်းကောင်းမွန်ပြီး သင့်ဆံကေသာကို သန်စွမ်းစေနိုင်မှာဖြစ်ပါတယ်။

ဆံပင်အဖျားလေးတွေကို တိပေးပါ

ဆံပင်အဖျားလေးတွေကို ၂ လတစ်ခါ ၃ လတစ်ခါလောက် ပုံမှန်တိပေးပါ။ အဲဒီလိုဆံပင်အဖျားတိပေးတာဟာ သင့်ဆံကေသာသန်စွမ်းအရှည်မြန်စေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဆံသားကျိုကြေပျက်စီးခြင်းကိုလည်း လျော့ပါးသက်သာစေပါတယ်။

စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုကိုလျှော့ချပေးတာဟာ ဆံကေသာအတွက် အထူးကောင်းမွန်တဲ့ အရာတစ်ခုပါပဲ့။ စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်တာမျိုးဖြစ်စေတာမို့ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချပေးပါ။ စိတ်ဖိစီးမှုလျှော့ချဖို့ ယောဂ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

အာဟာရဓာတ်ညီညွှတ်မျှတအောင် စားပေးပါ

ဆံကေသာ ပိုမိုသန်စွမ်းစေဖို့အတွက် အသီးအနှံတွေနဲ့ အသားငါးတို့ကို အာဟာရဓာတ်ညီညွှတ်မျှတအောင် စားပေးဖို့လည်း လိုအပ်ပါတယ်။

ခေါင်းလျှော်တဲ့အချိန်တိုင်း ပေါင်းဆေးသုံးပါ

ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း ပေါင်းဆေးသုံးပေးဖို့ မမေ့နဲ့နော်။ ပေါင်းဆေးသုံးတဲ့နေရာမှာလည်း ဦးရေပြားကို မထိအောင် ဆံပင်အဖျားလေးတွေနားကိုပဲ သုံးပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေသေချာစင်အောင် ဆေးချလိုက်ပါနော်။