ရေရှည်မျက်လုံးစွမ်းအား ကောင်းချင်တယ်ဆိုရင် မျက်စိကို အခုထက်ပို ဂရုစိုက်ပေးဖို့ လိုပါတယ်။ စမတ်ဖုန်းတွေ အသုံးများလာတဲ့ အခုခေတ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝေးမှုန်သူတွေလည်း အများသား။ အခုချိန် မျက်မှန်မတပ်ရသေးရင် ကံကောင်းတဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နိုင်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ကံကောင်းမှုကို ဆက်ထိန်းပြီး တစ်သက်လုံး မျက်မှန်လွတ်နေနိုင်အောင်လည်း နည်းလမ်းတစ်ချို့ကို အကြံပြုချင်ပါတယ်။

(၁) ဗိုက်တာမင် စီနဲ့ အီး စားပေးပါ

Photo : Memory Health

မျက်လုံးအားကောင်းဖို့ ဆိုရင် နေ့စဉ် အစားအစာထဲမှာ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင်အီး ကြွယ်ဝစွာ ပါဝင်နေဖို့ လိုပါတယ်။ Omega 3-6-9 ပါတဲ့ ဖက်တီးအက်ဆစ်ဖြည့်စွက်အစားအစာတွေ ၊ အစိမ်းရင့်ရောင် အသီးအရွက်တွေ ၊ ဆယ်မွန်ငါး ၊ တူနာငါး ၊ အခွံမာသီး ၊ ပဲ အမျိုးမျိုး ၊ လိမ္မော် ၊ ရှောက် ၊ သံပုရာ လို ချဉ်တဲ့ အသီးများ နဲ့ ကမာတွေဟာ မျက်လုံးကျန်းမာရေး အားပေးလို့ စားသုံးသင့်ပါတယ်။

(၂) Screen Time လျှော့ပါ

Photo : Reader’s Digest

နောက်ထပ်လိုက်နာရမယ့် အချက်က လက်ပ်တော့ တို့ ဖုန်းတို့ အသုံးလျှော့ဖို့ပါပဲ။ screen ကြည့်လို့ တစ်နာရီကြာတိုင်း အနည်းဆုံး ၁၀ မိနစ် ၁၅ မိနစ် မျက်လုံးကို အနားပေးတဲ့ အကျင့်လုပ်ပါ။

(၃) မျက်လုံး လေ့ကျင့်ခန်း လုပ်ပါ

Photo : ЗЕВСОНИК

မျက်လုံးကျန်းမာရေးအတွက် screen ကြည့်တာ လျှော့သလိုပဲ မျက်လုံးဒဏ်မဖြစ်အောင် Laptop Monitor ထိပ်နဲ့ မျက်လုံးနဲ့ Eye Level ညှိထားသင့်ပါတယ်။ မျက်လုံးမခြောက်သွေ့အောင် ခဏခဏ မျက်တောင်ခပ်ပေးတာ ၊ မျက်လုံးတစ်ဝိုက် အကြောတွေ ဖြေလျှော့တာ ၊ လူကိုလည်း သက်တောင့်သက်သာ ဖြစ်အောင် အကြောလျှော့တာနဲ့ ကိုယ်တွင်း အပူချိန် နည်းအောင် နေတာမျိုး လုပ်ပေးသင့်ပါတယ်။

(၄) မျက်လုံးကာကွယ်ဖို့ ပစ္စည်းလေးတွေ သုံးပါ

Photo : All About Vision

မျက်လုံးကို အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေကနေ ကာကွယ်ဖို့အတွက် Blue Light စစ်ပေးတဲ့ မျက်မှန်မျိုး တပ်သင့်ပါတယ်။ ဒီလို မျက်မှန်တွေက မှန်ဘီလူး Lens တွေကို အန္တရာယ်မြင့် ရောင်ခြည်တွေ ထိုးဖောက်မလာအောင် ကာကွယ်ပေးမှာပါ။ ကွန်ပျူတာသုံးနေတဲ့ မျက်မှန်သမားတိုင်း Blue Light Filter Glasses တပ်သင့်ပါတယ်။ နောက်တစ်ခုက အပြင်နေပူထဲ သွားမယ်ဆိုရင် နေကာမျက်မှန်တပ်ပါ။ ခရမ်းလွန်ရောင်ခြည်ဟာ မျက်လုံးထဲက မျက်ကြည်လွှာကို ပျက်စီးစေနိုင်လို့ပါ။ ရေရှည်မှာ မျက်လုံးမှုန်ရာကနေ အမြင်အာရုံပါ ထိခိုက်ပျက်စီးစေနိုင်လို့ ဖြစ်ပါတယ်။