ရာသီဥတုက အအေးပိုတဲ့ ဆောင်းကို ရောက်တော့မှာပါ။ ဆောင်းရောက်လာရင် ညတာရှည်လျားပြီး နေ့တာတိုတာကြောင့် အပြင်ထွက် လှုပ်ရှားမှု နည်းလာသလို စားသမျှ အစာအဆီအဆိမ့်တွေကြောင့်လည်း ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။ ဒါကိုပဲ Winter Weight လို့ ခေါ်ကြပါတယ်။ အဆီစုပြီး ဝလာရင် လူဟာ လှုပ်ရှားလို့မကောင်းသလို ရုပ်ပိုင်းဆိုင်ရာအရလည်း ထိခိုက်လာတာပါပဲ။ ဒီတော့ Winter Weight မတက်အောင် ရှောင်နိုင်မယ့် နည်းလမ်းလေးတွေ ညွှန်းချင်ပါတယ်။

(၁) စွပ်ပြုတ်သောက်ပါ

Photo : Shutterstock

ချမ်းချမ်းအေးအေး ဆောင်းတွင်းညဘက်တွေမှာ ကစီဓါတ်မြင့်တဲ့ ထမင်းအစား စွပ်ပြုတ်ပူပူလေး လုပ်သောက်ကြည့်ပါ။ ကြက်သား ၊ အမဲသား ၊ ငါး စသည်ဖြင့် ကိုယ်ကြိုက်တဲ့ အသားတစ်မျိုးမျိုးနဲ့ အတူ အာဟာရဓါတ်ကြွယ်ဝတဲ့ ခရမ်းချဉ် ၊ ပဲတောင့်နီ ၊ ဖရုံသီးနဲ့ ကုလားပဲလေးတွေလည်း ထည့်စားပေးသင့်ပါတယ်။

(၂) အသီးအနှံစားဖို့ မမေ့ပါနဲ့

Photo : Shutterstock

မုန့်ပဲသရေစာတွေ အစား အသီးအရွက်နဲ့ သစ်သီးဝလံတွေ များများစားပါ။ အသီးအနှံတွေဟာ နွေရာသီမှာ ပိုစားလို့ကောင်းတယ် ဆိုပေမယ့် ဆောင်းရာသီမှာလည်း ကျန်းမာရွှင်လန်းတဲ့ ကိုယ်ခန္ဓာရဖို့ စားပေးသင့်ပါတယ်။

(၃) တက်တက်ကြွကြွနေပါ

Photo : Shutterstock

ရာသီဥတု အေးလို့ အိပ်ကောင်းကောင်းနဲ့ အိပ်ရာထဲ ခွေမနေပါနဲ့။ မနက်ဘက်တွေမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ စောစောထပါ။ မနက်စောစော လမ်းလျှောက်တာ ၊ ပြေးတာမျိုး လုပ်ပါ။ တကယ်လို့ အပြင်သွားပြီး ကိုယ်လက် လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် တစ်နေ့မှာ ၁ နာရီလောက် အားကစားလုပ်ဖြစ်အောင် အချိန်ဇယားဆွဲသင့်ပါတယ်။

(၄) အရည်များများသောက်ပါ

Photo : Shutterstock

အရည်ဆိုပေမယ့် Hot Chocolate တို့ နို့ကော်ဖီတို့တော့ အများကြီး မသောက်မိပါစေနဲ့။ ဂျင်းလက်ဖက်ရည်လေး ဖြစ်ဖြစ် ရိုးရိုး ရေနွေးကြမ်းလေးဖြစ်ဖြစ် သောက်ပါ။ ဒါမှမဟုတ် အဆီနဲ့ သကြား ရှောင်ထားတဲ့ နွားနို့လေး သောက်ပါ။