နွေရာသီမှာ တအားပူတဲ့အတွက် အပြင်ထွက်ရင် ဒီပစ္စည်းတွေကို အမြဲလိုလိုယူသွားသင့်ပါတယ်နော်။
ထီး
နွေရာသီမှာအပြင်ထွက်မယ်ဆို အရေးအကြီးဆုံးကတော့ ထီးယူသွားဖို့ပါပဲ။ ထီးမပါပဲ လုံးဝကိုမသွားသင့်ပါဘူး။ နွေရာသီလိုနေပူရှိန်ကြားထဲ ထီးမပါပဲသွားမယ်ဆိုရင် အသားအရေလည်း ပျက်စီးမယ်၊ ခေါင်းကိုက်မယ်၊ အပူရှပ်တာ၊ နှာစေးတာတွေလည်း ဖြစ်ပါမယ်။
ဦးထုပ်
ထီးမပါရင်တောင် ဦးထုပ်တော့ဆောင်းသင့်ပါတယ်။ ထီးရော၊ ဦးထုပ်ရော ၂ မျိုးလုံးဆိုရင်တော့ အကောင်းဆုံးပါပဲ။ ခေါင်းပူရင် နှာစေးတာ၊ ခေါင်းကိုက်တာတွေ ဖြစ်ပါလိမ့်မယ်။ ဆံပင်ကို နေအရမ်းထိရင်လည်း ဆံသားပျက်စီးစေတယ်ဆိုတာကို သိထားဖို့လိုပါတယ်။
Tissue (သို့) Wet Tissue
နွေရာသီမှာ အပြင်ထွက်မယ်ဆိုရင် Tissue (သို့) Wet Tissue ဆောင်ထားပါ။ နွေရာသီအပြင်ထွက်ရင် ချွေးထွက်ကိုထွက်မှာပါ။ အဲ့အခါကျရင် သုတ်ဖို့အတွက် Tissue လိုပါတယ်။ Wet Tissue ကိုသုံးတဲ့အခါမှာ ဂုတ်ကိုပွတ်တာ၊ ဂုတ်ပေါ်တင်ထားတာမျိုးဆို အပူရှပ်တတ်တာကြောင့် Tissue ကတော့ ပိုပြီးအသုံးတည့်ပါလိမ့်မယ်။
လက်ကိုင်ပုဝါ
ယောင်္ကျားလေးတွေကျတော့ Tissue ဆောင်ထားလေ့မရှိတဲ့အတွက် လက်ကိုင်ပုဝါဆောင်ထားပါ။ ယောင်္ကျားတွေက ပိုပြီးချွေးထွက်သန်တဲ့အတွက် နွေရာသီမှာ ဆောင်ထားသင့်ပါတယ်နော်။
ယပ်တောင် (သို့) အိတ်ဆောင်ပန်ကာ
အရမ်းပူတတ်တဲ့သူတွေနဲ့ Bus ကားစီးပြီး သွားလာနေရတဲ့သူတွေက ယပ်တောင် (သို့) အိတ်ဆောင်ပန်ကာလေးတွေကို ဆောင်ထားသင့်ပါတယ်နော်။ အရမ်းပူလာတဲ့အချိန်မှာ ဒါတွေက တော်တော်အသုံးဝင်ပါတယ်။
ရေဘူး
နွေရာသီမှာ အရမ်းပူတဲ့အတွက် ရေခဏခဏဆာပါတယ်။ နေပူထဲထွက်နေရရင် ပိုဆိုးတာပေါ့။ ရေကအပြင်မှာဝယ်သောက်လို့လည်းရပေမယ့် ဝယ်သောက်ဖို့မလွယ်တဲ့ အခြေအနေတွေမှာဆို ရေဘူးဆောင်ထားတော့ အဆင်ပြေတာပေါ့။
ခေါင်းစည်းကြိုး
မိန်းကလေးတွေက နွေရာသီမှာ အပြင်သွားရင် ခေါင်းစည်းကြိုးလေးဆောင်ထားပါ။ ဒါမှ အရမ်းပူပြီးစိတ်ရှုပ်လာရင် ဆံပင်စည်းလိုက်လို့ရမှာပါ။
နေကာမျက်မှန်
နွေရာသီမှာ နေပူထဲထွက်မယ်ဆို နေကာမျက်မှန်လေးယူသွားတာ ပိုကောင်းပါတယ်။ နေအရမ်းပူရင် မျက်စိကျိန်းပြီး မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ဖြစ်စေပါတယ်။
ရှူဆေး
မူးတတ်တဲ့သူတွေဆိုရင် ရှူဆေးဆောင်ထားပါ။ နွေရာသီမှာ ကားစီးရင်၊ ကားကလူအရမ်းကြပ်လာရင် ပူပြီးမူးတာတွေဖြစ်တတ်သလို၊ အပြင်သွားနေရင်းနဲ့လည်း နေပြင်းလာရင် မူးတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ရှူဆေးဆောင်ထားသင့်ပါတယ်။