Mookda Narinrak မင်းသမီးလေးကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့”နှလုံးသားကိုရိုက်ခတ်တဲ့မာန” နဲ့ “ပန်းကိုခြွေတဲ့မုန်တိုင်း” ဇာတ်ကားတွေထဲက ပရိသတ်တွေရဲ့အသဲကျော်လေးပဲဖြစ်ပါတယ်နော်။

ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်သေးသေးလေးပိုင်ဆိုင်ထားတဲ့ Mookda လေးက သရုပ်ဆောင်တော်ရုံသာမက အကဝါသနာပါတဲ့ Dancer တစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူမကို July လ 26 ရက်နေ့ 1996 ခုနှစ် ထိုင်းနိုင်ငံမှာပဲ မွေးဖွားခဲ့တာဖြစ်ပြီး အရပ်အမြင့်ကတော့ 1.65m ရှိပါတယ်။ ရေကူးရတာနဲ့ ဘော်လီဘောကစားရတာကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး B-Boy & Pop ကတာ ကျွမ်းကျင်ပြီး ပီယာနိုးနဲ့ ပန်းချီဆွဲတာလည်း တော်တဲ့မင်းသမီးလေးဖြစ်ပါတယ်နော်။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အရမ်းတော်တဲ့ Mookdaလေးရဲ့ ဖက်ရှင်ကလည်း ပြောစရာမရှိအောင် တကယ့်အမိုက်စား စတိုင်ကျကျ ဝတ်ဆင်တတ်တဲ့သူ လည်းဖြစ်ပါတယ်။

Image Source : Pinterest