မမျှော်လင့်ထားတဲ့အရာတွေဆိုတာ အမြဲတမ်းကို ပေါ်လာတတ်ပါတယ်။ မထင်မှတ်ထားဘဲ ခရီးသွားရတာမျိုး၊ သူငယ်ချင်း Wedding ဒါမှမဟုတ် ကိုယ့်ချစ်သူက ရုတ်တရက်လက်ထပ်ခွင့်ထတောင်းတဲ့ အခြေအနေမျိုးတွေလို အရေးကြီးအချိန်တွေမှာ အမြဲတမ်းကြည့်ကောင်းနေစေဖို့က လိုကိုလိုအပ်ပါတယ်။

အချိန်တိုအတွင်းမှာ ကိုယ့်အသားအရေကို ကြည်ကြည်လင်လင်လေးဖြစ်စေပြီး ခန္ဓာကိုယ်အချိုးအစားလည်း လှပစေဖို့ဆိုတာ တကယ်တမ်း ဖြစ်နိုင်ပါ့မလားလို့ တွေးတောင်းတွေးမိနိုင်ပါတယ်။ မယုံမရှိနော်၊ အခုပြောပြပေးမယ့်နည်းလမ်းလေးတွေကတော့ အချိန်သိပ်မရှိတော့လည်းဘဲ ကိုယ့်ခန္ဒာကိုယ်အလှအပကို ထိန်းသိမ်းနိုင်စေမှာဖြစ်လို့ အဆုံးထိဖတ်ကြည့်ထားလိုက်နော်။

၂ ပတ်အတွင်း ကိုယ်အလေးချိန်ကျဖို့

ကယ်လိုရီသုံးစွဲမှုပမာဏကို 1,000-1,100 အတွင်း နေ့စဥ်လျှော့ချနိုင်မယ်ဆိုပါက ၂ ပတ်အတွင်းမှာ ပေါင်အနည်းငယ်ကျဖို့ဆိုတာ သေချာပါတယ်။ ဒီလိုဝိတ်ကျဖို့အတွက် တစ်နေ့တာစားသုံးသမျှတွေထဲမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ၊ Whole grains နဲ့ အဆီနည်းတဲ့ ငါးနဲ့အသားတို့ ပါဝင်ရပါမယ်။ ပြီးရင် တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာလောက် သောက်ပေးဖို့မမေ့ပါနဲ့။

၁ ပတ်အတွင်း ခါးသေးပြီး အသားအရေလှစေဖို့

အချဥ်ပါတဲ့ အသီးအနှံများ၊ နာနတ်သီးနဲ့ ပရိုတင်း – ဒီအစားအစာသုံးမျိုးကို စားသုံးခြင်းဖြင့် ၇ ရက်အတွင်းမှာ ဝိတ်ကျဖို့ဆိုတာ ဖြစ်ကိုဖြစ်နိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့အသီးတွေမှာက သစ်သီးအက်စစ်တွေ အများအပြားပါဝင်ပြီး ခန္ဓာကိုယ်ကအဆီတွေကိုပျော်ကျစေကာ ကိုယ်တွင်းမှ ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဗီတာမင်စီကလည်း ကိုယ်ခံအားကိုကောင်းစေသလို အသားအရေကိုလည်း လှပစေပါတယ်။ နာနတ်သီးမှာ အဆီတွေကိုကြေပျက်စေသည့် Bromelain ပါဝင်သည့်အတွက် ကိုယ်ခန္ဓာကျစ်လစ်ဖို့အတွက် အကောင်းဆုံးအစားအစာတစ်ခုပါ။

၃ ရက်အတွင်း ဗိုက်ချပ်စေဖို့

ပထမတစ်ဆင့်အနေနဲ့ မုန်လာဥနီနှင့် ပန်းသီး ၁ လုံးစီကို ရောဖျော်ထားသည့် ဖျော်ရည်ကို ၂၀၀ မီလီလီတာစီခွဲထားပြီး တစ်နေ့မှာ ခြောက်ကြိမ်သောက်ပေးပါ။ ကယ်လိုရီပါဝင်မှုနည်းရုံသာမက ခန္ဓာကိုယ်ကိုလည်း ဗီတာမင်များ၊ Beta-carotene နဲ့ Pectin ဓာတ်တို့ကိုပါ ဖြည့်တင်းပေးပါ။

ဒုတိယအနေနဲ့ကတော့ မနက်စာနဲ့နေ့လည်စာကို ကြက်ဥပြုတ်တစ်လုံး၊ Sour Cream စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဂြစ်ချစ်ထားတဲ့မုန်လာဥနီတို့ကို ရောလိုက်ပြီး စားပေးပါ။ ညစာကိုတော့ သကြားမပါတဲ့ Green Tea သာသောက်ပေးပါ။

ရင်သားတွဲကျခြင်းကို ကာကွယ်ဖို့

ရင်သားကြွက်သားတွေကို တင်းရင်းစေဖို့အတွက် အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ လက်လေ့ကျင့်ခန်းများ စသဖြင့်ကို ပြုလုပ်ပေးပါ။ သို့သော်လည်း ဒီလေ့ကျင့်ခန်းတွေမလုပ်ခင်မှာ ရင်သားကိုနေရာတကျဖြစ်စေမယ့် ဘရာကိုတော့ရွေးချယ်ဝတ်ဆင်ပါ။

နောက်ပြီး ညဖက်အိပ်တဲ့အခါ ပက်လက်လှန်အိပ်ပါ။ ကိုယ်က ဘေးတစ်ဖက်စောင်းပြီးအိပ်တတ်တယ်ဆိုရင် ရင်သားအရှေ့ပိုင်းက လုံးဝန်းမနေတော့ဘဲ အရှေ့ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာလည်း စားသုံးပေးပါ။