တစ်နှစ်ကုန်တိုင်း နောက်တစ်နှစ်အတွက် အကောင်းဆုံး မျှော်လင့်ရင်ခုန်မှုတွေ လုပ်ကြစမြဲပါ။ ဒါကိုပဲ နှစ်သစ်ကူးသံဓိဌာန် New Year’s Resolution လို့ သုံးနှုန်းကြပါတယ်။ New Year’s Resolution မှာ ဘယ်လို ရည်မှန်းချက်တွေ ပါသင့်သလဲဆိုရင် အခုပြောမယ့် New Year’s Resolution တွေ ပါသင့်ပါတယ်။

(၁) ကျန်းမာအောင် နေထိုင်မယ်

Photo: Freepik

လာမယ့်နှစ်အတွက် နံပါတ်တစ် Resolution က ကျန်းမာဖို့ ဖြစ်ပါစေ။ ကျန်းမာဖို့အတွက် အရေးကြီးဆုံးအချက်က ကျန်းမာအောင်စားသောက်ပါ။ မကျန်းမာစေမယ့် အစားအသောက်တွေကို ရှောင်ကြဉ်ပါ။ အားကစားများများလုပ်ပါ။ ၂၀၂၁ အတွက် အရေးတကြီး ရည်မှန်းချက်က ကျန်းမာရေးကောင်းဖို့ ဖြစ်ပါစေ။

(၂) ငွေစု /ချွေတာ/ ငွေရှာမယ်

Photo: Freepik

ပိုက်ဆံဟာ လူဘဝကို တည်ငြိမ်စေဖို့ ထိန်းကျောင်းရာမှာ အရေးပါတဲ့ အရာတစ်ခုပါ။ ဒီနှစ်ထဲမှာ ငွေကြောင့် ဒုက္ခရောက်ကုန်တဲ့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ လူတွေကို မြင်ခဲ့ရတာပါပဲ။ နောက်နှစ်မှာ ငွေများများစုဆောင်းပါ။ မကုန်သင့်တာမကုန်အောင် ချွေတာပါ။ ပိုက်ဆံကို ပိုတိုးပြီး ရှာဖွေပါ။

(၃) အသစ်လေ့လာမယ်

Photo: Freepik

လာမယ့်နှစ်မှာ ဘဝသစ်ကို ဦးဆောင်နိုင်ဖို့ ရည်မှန်းချက်ထားပါ။ ပညာရပ်သစ်တွေ လေ့လာပါ။ ဘာသာစကားသစ်တွေ ၊ ဘွဲ့ဒီဂရီသစ်တွေ တတ်မြောက်အောင် သင်ယူပါ။ တစ်ခုခု အသစ် လေ့လာတိုင်း လူဟာ အရင်ကထက် တိုးတိုးပြီး ဗားရှင်းတက်သွားတာပါပဲ။ ဒါကြောင့် နှစ်သစ်မှာ အသစ်အသစ်တွေ လေ့လာပါ။ စာအုပ်တွေ ပိုဖတ်ပါ။

(၄) အကျင့်ဆိုးတွေ ဖျောက်ပစ်မယ်

Photo: Freepik

၂၀၂၁ ခုနှစ်မှာ ဆေးလိပ်‌သောက်တဲ့အကျင့် ဖျောက်ပါ။ အရက်သေစာ အသောက်အစား လျှော့ပါ။ စမတ်ဖုန်းသုံးစွဲမှုကို အချိန်ကန့်သတ်ပါ။ ဂိမ်းကစားမှုကို လျှော့ချလိုက်ပါ။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို စာအုပ်စာပေဖတ်ရှုခြင်း ၊ Online Course တက်ခြင်းတွေနဲ့ အစားထိုးပြီး အကောင်းဆုံး ကုန်ဆုံးပါစေ။

(၅) အချိန်ကို ပိုအကျိုးရှိစွာ အသုံးချမယ်

Photo: Freepik

အချိန်ဟာ အသက်ပါပဲ ။တန်ဖိုးရှိစွာ အချိန်ကုန်ခြင်းဟာ အသက်တာကို တန်ဖိုးရှိစွာ အသုံးချတာ ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့ လူတွေ ၊ မိတ်ဆွေနဲ့ မိသားစုတွေအတွက် အချိန်ပေးပါ။ ကိုယ့်အတွက်ကိုယ် အဖိုးထိုက်တန်အောင် အချိန်ပေးပါ။ အားလပ်ချိန်တွေမှာ ဘဝကို အမှတ်တရဖြစ်စေမယ့် အရာတွေ လုပ်နေပါ။ အရေးကြီးတာက ကိုယ်ဖြတ်သန်းနေရတဲ့ အချိန်အားလုံး ထိုက်တန်စွာ ကုန်ဆုံးနေစေဖို့ပါပဲ။