Le Sserafim ဆိုတဲ့ အမျိုးသမီးကေပေါ့အဖွဲ့ဟာ ၂၀၂၂ ခုနှစ်ကမှ Debut လုပ်ခဲ့တာဖြစ်ပေမယ့်လည်း အဖွဲ့မှာပါဝင်နေတဲ့ အဖွဲ့ဝင်သုံးယောက်က ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား လူတွေဖြစ်တာမို့ Debut ချိန်တည်းက တော်တော်လေး အာရုံစိုက်ခံခဲ့ရပါတယ်။

အောင်မြင်ဖို့ လမ်းကြောင်းအသစ်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ချိန်မှာလည်း လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အဖွဲ့ဟာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများကြားထဲကနေ သီချင်းကောင်းတွေနဲ့ အောင်မြင်ကျော်ကြား လူကြိုက်များလာပြီး ကေပေါ့လောကမှာ မှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ပါတယ်။

အခုတစ်ခါမှာတော့ Le Sserafim ရဲ့ချစ်ပရိသတ်တွေအတွက်ရော ကေပေါ့ဖန်တွေအတွက်ပါ သူတို့အဖွဲ့ရဲ့ လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး သီချင်းများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Fearless

Source: 스브스케이팝 X INKIGAYO

ဒီသီချင်းကတော့ ၂၀၂၂ တုန်းက ထွက်ရှိခဲ့တဲ့ Debut သီချင်း ဖြစ်ပါတယ်။ သီချင်းရဲ့ Chorus အပိုဒ်လေးကလည်း နားထဲစွဲနေစေတဲ့ စာသားလေးတွေနဲ့ ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။

ANTIFRAGILE

Source: ALL THE K-POP

ဒီသီချင်းကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Fearless ပြီးနောက် ပထမဆုံး Comeback သီချင်းပါ။

UNFORGIVEN (feat. Nile Rodgers)

Source: 스브스 트렌즈

ဒီသီချင်းကလည်း ၂၀၂၃ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အမြူးအကြွ သီချင်းတွေကို ကြိုက်နှစ်သက်သူများအတွက် နားဆင်ခံစားသင့်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Perfect Night

Source: 스브스케이팝 X INKIGAYO

ဒီသီချင်းလေးကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Eng သီချင်းဖြစ်ပြီးတော့ International မှာ ပိုပြီးတော့ ပေါက်သွားစေခဲ့တဲ့ သီချင်းဆိုလည်း မမှားပါဘူး။ ဒီသီချင်းကလည်း ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

Eve, Psyche & The Bluebeard’s wife

Source: Mnet K-POP

ဒီသီချင်းလေးကတော့ Le Sserafim အဖွဲ့ရဲ့Title သီချင်းမဟုတ်ဘဲနဲ့ တော်တော်လေးကို လူကြိုက်များပြီး Youtube, Tiktok တို့မှာ Dance Challenge အနေနဲ့ တော်တော်လေး Hit ဖြစ်ခဲ့တဲ့ B-side သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Good Parts (when the quality is bad but I am)

Source: M2

ဒီသီချင်းကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းအေးအေးလေးတွေ သဘောကျသူတို့အနေနဲ့ နားထောင်ဖို့သင့်တော်ပါတယ်။

EASY

Source: Mnet K-POP

EASY ကတော့ ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီသီချင်းမှာတော့ အရင်က ထွက်ရှိခဲ့တဲ့ သီချင်းစတိုင်တွေနဲ့မတူဘဲ တမျိုးလေးကွဲပြားနေတာကို တွေ့မြင်ရမှာပါ။

Smart

Source: M2

ဒီသီချင်းလေးကတော့ ၂၀၂၄ ခုနှစ်ကပဲ EASY နဲ့အတူ ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကလည်း Eve, Psyche & The Bluebeard’s wife သီချင်းပြီးရင် လူကြိုက်အများဆုံး နောက်ထပ် B-side သီချင်းတစ်ပုဒ်ပါ။

Blue Flame

Source: 스브스케이팝 X INKIGAYO

Impurities

Sour Grapes

Source: KPOP JAMM