စိတ်ဓာတ်ကျနေစဉ်မှာ စိတ်ခွန်အားများ ပြန်လည်ပြည့်ဝလာဖို့ သင် ဘယ်လိုလုပ်ဆောင်လေ့ရှိပါသလဲ။ အချို့ကလည်း Motivational Speaker များရဲ့အားပေးစကားများကို နားထောင်ရင်း စိတ်ခွန်အား ရယူသလို အချို့ကလည်း ဘာကိုမှ မတွေးတောတော့ဘဲ အားရပါးရ အိပ်စက်အနားယူလေ့ရှိကြပါတယ်။

စိတ်ခွန်အား ပြန်လည်တက်ကြွစေမယ့် နောက်ထပ်နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကောင်းကတော့ စိတ်ခွန်အားရစေမယ့် ဇာတ်ကားကောင်းများ ကြည့်ရှုခြင်းပဲဖြစ်ပါတယ်။

(1) The Bucket List

Source: Movieclips

ဒီဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ အမျိုးသားနှစ်ယောက်သည် ဆေးရုံတစ်ရုံထဲမှာ အတူတူတက်ရင်း ခင်မင်ရင်းနှီးသွားကြပုံ၊ သူတို့အသက်မသေခင်မှာ သူတို့ပြုလုပ်ချင်တဲ့အရာများကို ဘယ်လိုအတူတကွ ပြုလုပ်သွားမလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကနေတဆင့် ဘဝအကြောင်းကို လေ့လာသင်ယူနိုင်ပါတယ်။

(2) Gladiator

Source: Nathansmoviereviews

ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဆိုတော့ ၂၁ နှစ်ကျော်ကြာပြီဖြစ်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက “သင့်မှာ စိတ်ဆန္ဒပြင်းပြမယ်ဆိုရင် ဘယ်အရာကိုမဆို အောင်မြင်စွာလုပ်ဆောင်နိုင်ကြောင်း”ကို မီးမောင်းထိုးပြနေတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

(3) Warrior

Source: Movieclips Trailers

Tom Hardy ပရိသတ်များအတွက်တော့ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Warrior ဇာတ်ကားသည် အမှန်တကယ်ကြည့်ရှုသင့်သော ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။

(4) Invictus

Source: Watchculturetainment

Invictus ဇာတ်ကားသည် ၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး သင် ကြည့်ရှုပြီးသွားတဲ့နောက်မှာ စိတ်ထဲတွင် တစ်စုံတစ်ရာ ခံစားချက်ကလေး ခံစားသွားရပါလိမ့်မယ်။

(5) Braveheart

Source: HQTrailers4u

ဒီဇာတ်ကားလေးကတော့ အင်္ဂလိပ်လူမျိုးများသည် စကော့တလန်ကို နယ်ချဲ့တဲ့ သမိုင်းကြောင်းကို နောက်ခံထား ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် တော်တော်တော့ကြာနေပြီဖြစ်ပါတယ်။

(6) Saving Private Pyan

Source : KewlBeans – Movie Trailers

ဒုတိယကမ္ဘာစစ်ကို နောက်ခံထားတဲ့ ဒီဇာတ်လမ်းသည်လည်း ကြည့်ရှုသူများရဲ့နှလုံးသားကို အတွေးတစ်ခုခု ရရှိသွားအောင် ဖန်တီးပေးနိုင်ပါတယ်။ စွန့်လွှတ်အနစ်နာခံမှုနှင့် ရဲဘော်ရဲဘက်စိတ်ဓာတ် ပြည့်ဝမှုတို့ကို ဒီဇာတ်ကားထဲတွင် မြင်တွေ့နိုင်ပါတယ်။

(7) The Karate Kid

Source: Sony Pictures Entertainment

ဂျက်ကီချန်းပရိသတ်များအတွက်တော့ ဒီဇာတ်ကားကောင်းလေးက မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကနေတဆင့် ကြိုးစားချင်စိတ်များ ပြန်လည် ခံစားရရှိလာမှာဖြစ်ပြီး စိတ်ဓာတ်ခွန်အားလည်း ပြန်လည်မြင့်တက်လာပါလိမ့်မယ်။

စာဖတ်သူတို့ဆီမှာလည်း စိတ်ဓာတ်ခွန်အား တက်စေမယ့် တခြားဇာတ်ကားကောင်းများရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Source: Realbuzz.com