လူတိုင်း ကြိုးစားရင်တော့ ကိုယ်လိုချင်တဲ့ နေရာအထိ မဟုတ်ရင်တောင် ပြောင်းလဲမှု တစ်ခုခု ဖြစ်နိုင်ပါတယ်။ ကိုယ့်ခံယူချက်၊ ကိုယ့်အပြုအမူတွေအရ လူတစ်ယောက်နဲ့ တစ်ယောက် ဘဝအခြေအနေ၊ နေထိုင်မှု တွေ ကွာခြားသွားတတ်ပါတယ်။ အခုဖော်ပြမယ့် ရာသီခွင်တွေကတော့ သူတို့မှာ ပါလာတဲ့ ပင်ကိုဗီဇအရ သူဌေးဖြစ်နိုင်ချေ များသူတွေ ဖြစ်ပါတယ်။ ဒီထဲ မပါတဲ့ ရာသီခွင်တွေအနေနဲ့ မချမ်းသာနိုင်ဘူးလို့ မဆိုလိုပါဘူး။ ဒီထဲ ပါဝင်တဲ့ ရာသီခွင်တွေကလည်း ဇွဲလုံ့လ၊ ကြိုးစားမှု၊ ကံ မပါခဲ့ရင် သူဌေးဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ပင်ကို စရိုက်အရ သူဌေးဖြစ်နိုင်ချေများသူတွေ ဖြစ်ပါတယ်။ ဒီတော့ ဘယ်ရာသီခွင်တွေ ပါဝင်လဲ ကြည့်လိုက်ရအောင်နော်-

၁။ Scorpio

Scorpio ရာသီဖွားတွေက သူတို့ဝါသနာပါတဲ့ အရာအပေါ် အာရုံစိုက် အလေးထား လုပ်တတ်ကြပါတယ်။ ပင်ကို အတွေးအခေါ် ကောင်းပြီး ဗျူဟာကျကျ လုပ်တတ်သူတွေ ဖြစ်ပါတယ်။ ဒီအရည်အချင်းကြောင့် ချမ်းသာနိုင်ချေရှိသူတွေ ဖြစ်ပါတယ်။

၂။ Leo

Leo ရာသီခွင်တွေက တီထွင်နိုင်စွမ်း ကြီးမားသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး ခေါင်းဆောင်ပါရမီပြည့်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးစားရင် ချမ်းသာနိုင်ချေရှိပါတယ်။

၃။ Taurus

Taurus ရာသီဖွားတွေက ခေါင်းမာပြီး သူတို့ လုပ်ချင်တာကို ရအောင် ကြိုးစားသူတွေ ဖြစ်ပါတယ်။ ဆုံးဖြတ်တဲ့အတိုင်း ရအောင် လုပ်သူတွေ ဖြစ်ပြီး လက်တွေ့ကျကျ တွေးခေါ်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့ကြိုးစားရင် ဘယ်သူမှ လိုက်မမှီတော့ပါဘူး။

၄။ Cancer

ရည်မှန်းချက်ကြီးလွန်းသူတွေက Cancer ရာသီဖွားတွေ ဖြစ်ပါတယ်။ သူတို့ စိတ်ဝင်စားတဲ့အလုပ်အပေါ် စိတ်အလုံးစုံ နှစ်ထားတတ်ကြပြီး အလုပ်နဲ့ ပတ်သက်ရင် ဂရုတစိုက် အလေးအနက်ထားကာ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားသူတွေ ဖြစ်ပါတယ်။

၅။ Pisces

Pisces ရာသီဖွားတွေက အရာရာကို အလိုလို သိနေသူတွေဖြစ်ပါတယ်။ စိတ်ထဲမှာ အလိုလို ခံစားမိနေပြီး တီထွင်နိုင်စွမ်း မြင့်မားသူတွေ ဖြစ်ပါတယ်။ အသစ်အသစ်တွေကို တွေးတတ်သူတွေ ဖြစ်ပြီး လူတွေရဲ့ စိတ်ကို ကောင်းကောင်းဖတ်နိုင်ပါတယ်။

၆။ Libra

လူချစ်လူခင် များတဲ့ ရာသီခွင်က Libra ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ကောင်းကောင်း ဦးဆောင်နိုင်သူတွေ ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေ ကြောင့်ပဲ အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။

သင်က ဒီရာသီခွင်ထဲပါလား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar