အချစ်ရေးတစ်ခုမှာ ယုံကြည်မှုက အရေးကြီးဆုံးပါပဲ။ သစ္စာတစ်ခါဖောက်ဖူးတဲ့ လူတစ်ယောက်ကို အရင်ကထက် ယုံကြည်မှုကင်းမဲ့သွားမှာ မလွဲမသွေပါပဲ။ အချစ်ရေးတစ်ခုမှာ လူတစ်ယောက်က သစ္စာဖောက်တယ်ဆိုရင် အကြောင်းပြချက်တွေအမျိုးမျိုးရှိပါတယ််။ သင်က သင့်ရဲ့ အချစ်ရေးကို တည်ငြိမ်စေချင်တယ်ဆိုရင်တော့ လူတွေ အများစု သစ္စာဖောက်ရခြင်းရဲ့ အကြောင်းရင်းတွေကို သိထားဖို့လိုပါတယ်။ ဒီအကြောင်းပြချက်တွေကတော့-

၁။ မချစ်တော့တာ


သစ္စာဖောက်တယ်ဆိုမှတော့ သင့်ကို သင့်ကောင်လေး သို့ ကောင်မလေးက မချစ်တော့လို့ပါ။ လူတစ်ယောက်နဲ့ အချိန်ကြာကြာတွဲလာတဲ့အခါ တကယ်မချစ်တဲ့သူက ရိုးအီတာတွေဖြစ်လာမှာပါ။ ဒီတော့ ဒါအတွက် ဖြေရှင်းနည်းကတော့ အမြဲသူ့ကို ဖုန်းဆက်တာမျိုး၊ သူ့အနားမှာ အမြဲနေချင်တာမျိုးတွေမလုပ်ပါနဲ့။ သူ့အတွက် သီးသန့်အချိန်ပေးထားပါ။

၂။ အခွင့်အရေးနဲ့ အခြေအနေတွေ


သင်က သင့်ချစ်သူနဲ့ အနေဝေးတဲ့အချိန်မျိုးမှာဖြစ်တတ်ပါတယ်။ ဥပမာ သင်က အလုပ်များလွန်းလို့ စိတ်ဖိစီးမှုတွေ များလွန်းတဲ့အချိန်ပဲထားပါတော့။ ဒီလိုအချိန်မှာ ချစ်ရသူကလည်း အနားမှာမရှိတဲ့အချိန်။ သာယာမှုကိုလည်း လိုချင်နေတဲ့အချိန်မျိုးဆိုရင် သစ္စာဖောက်မိမှာပါပဲ။ ဒါက ကိုယ်နေထိုင်ရတဲ့ လက်ရှိအခြေအနေနဲ့ အခွင့်အရေးတွေအပေါ် အများအပြားမူတည်နေပါတယ်။

၃။ အသိအမှတ်အပြုမခံရတဲ့အခါ


သင့်ကို မလေးစားတဲ့လူတစ်ယောက်ကို သင်စိတ်ပျက်မှာပါပဲ။ အချစ်ရေးတစ်ခုမှာ နားလည်မှုမရှိတဲ့အချိန်၊ တန်ဖိုးမထားတဲ့အချိန်၊ အချင်းချင်းမလေးစားတဲ့အချိန်တွေမှာ သစ္စာဖောက်တာတွေဖြစ်လာနိုင်ပါတယ်။

၄။ ငြီးငွေ့တာ


ဒါကတော့ သစ္စာဖောက်ရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းပြချက်ပါ။ သင်နဲ့ သင့်ချစ်သူကြားမှာ ရင်ခုန်စရာ အခိုက်အတန့်တွေ မရှိတော့တဲ့အခါ၊ ပျော်ရွှင်စရာတွေမရှိတော့တဲ့အခါ ငြီးငွေ့မှုဖြစ်လာပါတယ်။ ဒါကြောင့် သင်တို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းကို အမြဲ လတ်ဆတ်နေအောင် ကြိုးစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar