Eye Cream ဆိုတာ အမျိုးသမီးသီးသန့် အလှကုန်မဟုတ်ပါဘူး။ အမျိုးသားတွေလည်း Eye Cream သုံးပြီး ကိုယ့်ကိုယ်ကိုယ် အရွယ်တင်အောင် ထိန်းဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့် အခုလို အကြံပေးရသလဲဆိုတော့

(၁) Eye Cream က မျက်ကွင်းညိုတာတွေ ဖယ်ရှားပေးတယ်

Young man taking care of his undereye wrinkles putting anti aging eye moisturizer.

Photo: Freepik

အိပ်ရေးပျက်တာများလာရင် မျက်ကွင်းတွေ ချောင်ပြီး လူလည်း ပန်ဒါမျက်လုံးလို အမည်းကွက်ကြီးနဲ့ ရုပ်ဆိုးနေတတ်ပါတယ်။ ဒီအတွက် အမျိုးသားသုံး Eye Cream ရဲ့ အကူအညီယူပြိး ဖြေရှင်းသင့်ပါတယ်။ Eye Cream မှာ ကဖိန်းဓါတ်ပါလို့ မျက်လုံးတစ်ဝိုက်သွေးစီးဆင်းမှု မြင့်စေပြီး မျက်ကွင်းညိုတာတွေ လျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။

(၂) မျက်အိတ်ကျတာတွေ ကာကွယ်ပေးတယ်

man applying anti-aging cream under his eyes while making eye contact against white background

Photo: Freepik

ပြင်ညီအတိုင်းအိပ်စက်မှုကြောင့် သွေးနဲ့ အရည်တွေဟာ အိပ်ပျော်နေစဉ် မျက်လုံးအောက်မှာ စုဝေးလာတတ်ပါတယ်။ ဒီလိုနဲ့ နိုးလာတဲ့အခါ အရည်အိတ်တွေကြောင့် မျက်ခွံတွေ မို့မောက်နေတတ်ပါတယ်။ ဒီလိုမျိုး မျက်အိတ်တွေကို အမြန်ပျောက်ကင်းသွားစေဖို့ Eye Cream သုံးသင့်ပါတယ်။

(၃) မျက်လုံးတစ်ဝိုက် အရေတွန့်တာတွေ ပျောက်ကင်းစေတယ်

young man applying moisturizer to face and looking to mirror at home bathroom

Photo: Freepik

ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးတစ်ဝိုက်မှာ ဇရာတံဆိပ်ဖြစ်တဲ့ အိုမင်းတွန့်ခေါက်တဲ့ အရေပြားတွေ မြင်ရတယ်ဆိုရင် အခုကတည်းက Eye Cream သုံးဖို့ အကြံပြုချင်ပါတယ်။ Hyaluronic Acid ပါတဲ့ Eye Cream ဟာ သဘာဝအတိုင်း Skin Cells တွေကို တင်းရင်းပြည့်ဖြိုးစေပြီး အရေးအကြောင်းထင်တာတွေ ပျောက်ကင်းစေနိုင်လို့ ဖြစ်ပါတယ်။