ကိုယ်မွေးတဲ့ ရာသီခွင်က ကိုယ့်အကြောင်းကို အများအပြားပြောပြနိုင်ပါတယ်။ သင်က ဘယ်လိုမိန်းကလေးလဲ သင်မွေးတဲ့ရာသီခွင်ကိုကြည့်ပြီး မှန်းဆနိုင်ပါတယ်။ တချို့အမျိုးသမီးတွေက အရာရာမှာ အမြဲဦးဆောင်တတ်ပြီး ခေါင်းဆောင်ကောင်းဖြစ်ဖို့ မွေးဖွားလာတတ်ကြပါတယ်။ ရောက်ရာနေရာတိုင်းမှာ လူတကာထက် ထူးခြားနေတတ်ပြီး ဦးဆောင်တတ်ကြပါတယ်။ ဒီရာသီခွင် သုံးခုကတော့-

၁။ Taurus (April 20 – May 20)


Taurus ရာသီဖွားတွေက ကြုံလာတဲ့ပြဿနာတိုင်းကို ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ကြပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးလည်း အတွက်အချက်တော်ကြပါတယ်။ ဘယ်လိုငွေရှာရင် အဆင်ပြေမလဲ မြင်တတ်ကြပါတယ်။ ဒီရာသီဖွားတွေက ဇနီးကောင်းတွေလည်းဖြစ်ပါတယ်။ သင်က ဒီရာသီဖွားနဲ့ မိတ်ဆွေဖြစ်ခွင့်ရရင် ပျင်းတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။

၂။ Leo (July 23 – August 22)


Leo ရာသီဖွားအမျိုးသမီးတွေက လူတစ်ယောက်ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းဖြစ်နိုင်ချေရှိတာပါ။ သူ့ဘဝအတွက် အဆင်ပြေမယ့်အရာတွေကို ကောင်းကောင်းသိပါတယ်။ ဖက်ရှင်ကျတာမှာလည်း ဘုရင်မတစ်ပါးပါပဲ။ သူစိတ်ညစ်နေတဲ့အချိန်တောင် ဒီအရာကို အဝတ်အစားနဲ့ ပြောပြတတ်ပါသေးတယ်။

၃။ Libra (September 23 – October 22)


Libra အမျိုးသမီးတွေက ကျက်သရေရှိတဲ့ အမျိုးသမီးတွေပါ။ သူတို့ရဲ့ အလှအပ၊ ယဉ်ကျေးသိမ်မွေ့မှုတွေက အမျိုးသားတွေကို စွဲမက်စေတဲ့အရာတွေပါ။ သူတို့ရဲ့သိမ်မွေ့မှုကြောင့် အလုပ်အပါအဝင် အရာရာမှာ နေရာရကြပါတယ်။ သူမရဲ့ ခံယူချက်ကလည်း လေးစားဖို့ကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar