C-drama တွေ ကြည့်ချင်ပေမယ့် အပိုင်း ၄၀ ၅၀ ဖြစ်နေတဲ့အခါ အပိုင်းတွေအရမ်းများလို့ ကြည့်ရမှာ ပျင်းတယ်ဆိုတာမျိုး ဖြစ်လေ့ရှိလား ? ဒါဆို အခုပြောပြမယ့် ပရိတ်သတ်တွေကြား ရေပန်းစားနေတဲ့ ထိပ်တန်း C-drama တွေ ကြည့်ကြည့်ပါ။ ဒါတွေက ပရိသတ်အားပေးမှုနှုန်းမြင့်မားပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် အပိုင်း ၂၅ ပိုင်းတောင်မပြည့်ပါဘူး။ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေ ဇာတ်လမ်းတွေက သင့်ကိုအကြိုက်တွေ့စေမှာ သေချာပါတယ်။

When I Fly Towards You


စာတော်တဲ့ကျောင်းသား ကျန်းလုရန့်နဲ့ ချစ်စရာကောင်းတဲ့ကောင်မလေး စူးကျိုက်ကျိုက်တို့ရဲ့ ပျော်စရာကောင်းတဲ့ကျောင်းသားဘဝအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးက 2023 ခုနှစ် မှာ ထွက်ထားပြီး အပိုင်း(၂၄)ပိုင်းရှိပါတယ်။

Reset

အဆုံးမရှိသော အချိန်စက်ဝိုင်းထဲပိတ်မိနေတဲ့ Li Shi Qing က အချိန်စက်ဝိုင်းကနေ လွတ်မြောက်ဖို့ စိတ်အားထက်သန်နေချိန်မှာ ဘတ်စ်ကားစီးဖော် ခရီးသည် Xiao He Yun ကို မတော်တဆ ဆွဲခေါ်သွားခဲ့မိတဲ့ ဒီဇာတ်လမ်းက အပိုင်း ၁၅ ပိုင်းနဲ့ 2022 ခုနှစ်မှာ ထွက်ခဲ့တာပါ။

The Bad Kids

ကမ်းခြေမြို့လေးတစ်မြို့က ကလေးသုံးယောက်နဲ့ မတော်တဆ လူသတ်မှုတစ်ခုအကြောင်း ရိုက်ထားတဲ့ ဒီဇာတ်လမ်းက အပိုင်း ၁၂ ပိုင်းပဲရှိပါတယ်။

Hidden Love

အိမ်ကိုလာလည်တဲ့ အကို့ရဲ့သူငယ်ချင်းကို ကြိတ်ကြွေမိနေတဲ့ ကောင်မလေးစန်းကျစ်နဲ့ ကျားရွှီတို့နှစ်ယောက်ရဲ့ အချိတ်အဆက်မိလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်တဲ့သူတိုင်း သဘောကျတဲ့ဇာတ်လမ်းလေးပါပဲ။ Zhao Lusi နဲ့ Chen Zhe Yuan တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းမှာ အပိုင်း ( ၂၅ ) ပိုင်း ပါပါတယ်။

One and Only

2021 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းက နန်းတွင်းဇာတ်လမ်းတွဲတခုဖြစ်ပေမယ့် အပိုင်းကတော့ ၂၄ ပိုင်းထဲပါ။

Under the Skin

မပြီးဆုံးသေးတဲ့အမှုဟောင်းတစ်ခုအတွက် ဝမ်းနည်းကြေကွဲနေတဲ့ Shen Yi နဲ့ ရာဇ၀တ်ရဲကပ္ပတိန် Du Cheng တို့ ထူးဆန်းတဲ့သံသယဖြစ်ဖွယ်ကိစ္စများကို အတူတကွဖြေရှင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့အမှန်တရားကို အတူတကွခြေရာခံခဲ့ကြတဲ့ ဒီဇာတ်လမ်းက အပိုင်း 20 ရှိပြီး 2022 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

Lovely Us

Shu De Faculty က ကလေးငါးဦးနဲ့ မိသားစုဆေးရုံက ကလေးငါးဦးတို့အကြောင်း ရိုက်ထားတဲ့ ဒီဇာတ်လမ်းက 2020 ခုနှစ်မှာ ထွက်ခဲ့ပြီး အပိုင်း 16 ပိုင်းရှိပါတယ်။

Put Your Head on My Shoulder

ဘွဲ့ရပြီးခါနီ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကိုရှာနေတဲ့ Si Tu Mo နဲ့ ဉာဏ်ကြီးရှင် ကျောင်းသား Gu Weiyi တို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးကလတကယ်ကိုချစ်စရာလေးပါ။ 2019 ခုနှစ်မှာ ထွက်ခဲ့တဲ့ဒီဇာတ်လမ်းက အပိုင်း 24 ပိုင်းရှိပါတယ်။

Our Secret

Ding Xian နဲ့ Zhou Si Yue ရဲ့ ငယ်ရွယ်စဉ် အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းက 2021 ခုနှစ်တွင်ထွက်ရှိခဲ့ပြီး အပိုင်း 24 ပိုင်းရှိပါတယ်။

The Romance of Tiger and Rose

အပိုင်း ၂၄ ပိုင်းနဲ့ 2020 မှာထွက်ခဲ့တဲ့ ဒီဇာတ်လမ်းက တတိယမင်းသမီး Chen Qian Qian နဲ့ မင်းသား Han Shuo တို့ရဲ့ဇာတ်လမ်းလေးဖြစ်ပြီး နန်းတွင်းဇာတ်လမ်းဆိုပေမယ့် အချစ်ဇာတ်လမ်းလေးမလို့ လူအများသဘောကျတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

Shining for One Thing

အသက် 30 ပြည့်ခါနီး အမျိုးသမီးငယ် Lin Bei Xing နဲ့ Zhan Yu တို့ရဲ့ ဒီဇာတ်လမ်းက 2022 ခုနှစ်မှာ ထွက်ခဲ့ပြီး အပိုင်း ၂၄ ပိုင်းဘဲရှိပါတယ်။

Sweet Teeth

သွားဆရာဝန်တစ်ဦးဖြစ်ပြီး ကျောင်းမှာ အချောဆုံးကောင်လေးအဖြစ် လူသိများတဲ့ Ai Jing Chu နဲ့ တက္ကသိုလ် စာကြည့်တိုက်မှူး Zeng Li တို့ကြားက အချစ်ဇာတ်လမ်းလေးက အပိုင်း ၂၂ ပိုင်းနဲ့ 2021 ခုနှစ်မှာ ထွက်ခဲ့ပါတယ်။