ကိုယ်အလေးချိန်တက်တာ အသက်အရွယ်ရလာတာကြောင့် မှေးနှစ်ထပ်ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ မှေးနှစ်ထပ်ပျောက်ဖို့ ခွဲစိတ်ကြတယ်။

Wrinkles Dissapear

တစ်ချို့ကတော့ လေ့ကျင့်ခန်းလုပ်ကြတယ်။ သဘာဝနည်းလမ်းနဲ့ အဖြေရှာကြတယ်။ စာဖတ်သူတို့လည်း သဘာဝနည်းလမ်းကို ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။

၁။ မိတ်ကပ်နဲ့ ဖုံးပါ။

မိတ်ကပ်အညိုတွေ သုံးပြီး မျက်နှာပုံစံကို ပုံပေါ်ပါ။ မှေးနှစ်ထပ်ဖြစ်တာကို ဖုံးပေးပါ။

၂။ ဆံပင်ပုံစံအသစ်ပြောင်းပါ။

Hairstylist နဲ့ တိုင်ပင်ပြီး ဆံပင်ပုံဆံကို ပြောင်းညှပ်ပါ။ ရှေ့ကိုရှည်ရှည်နဲ့ အနောက်ကို တိုတို ညှပ်တာပိုကောင်းပါတယ်။

၃။ ကိုယ်ဟန်အနေအထား မှန်စေတဲ့ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားမှန်စေတဲ့ လေ့ကျင့်ခန်းလုပ်ပါ။ မှေးနှစ်ထပ်ဖြစ်တာကို ပျောက်ချင်တာဆိုတော့ ခေါင်းပေါ်မှာ စာအုပ်တင်ပြီးပြုတ်မကျအောင် လမ်းလျှောက်ပါ။

၄။ ခေါင်းမော့နမ်းတဲ့ပုံ လေ့ကျင့်ခန်းလုပ်ပါ။

ခေါင်းမော့ ပြီးနမ်းတဲ့ လေ့ကျင့်ခန်းလုပ်ရာမှာ မှေးအောက်ကို အဓိကထားပြီး လုပ်ပါ။ ခေါင်းကိုမော့ပြီး နုတ်ခမ်းကို နမ်းသလို ရှေ့ထုတ်ပါ။ ၁၀ စက္ကန့်လောက်နေပြီး ပြန်ယုတ်ပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ၁၀ ခါလုပ်ပါ။

၅။ ပီကေဝါးပါ။

ပီကေဝါးတာဟာ မှေးရိုးက ကြွက်သားတွေကို အလုပ်လုပ်စေပြီး ကြွက်သားသန်မာစေတာကြောင့် မှေးနှစ်ထပ်ဖြစ်တာကို လျော့ကျစေပါတယ်။

၆။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

အဆီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ပုံမှန်လုပ်ပေးရင် မှေးနှစ်ထပ်ဖြစ်တာလည်း တဖြည်းဖြည်းကျလာမှာဖြစ်သလို ဝိတ်လည်းကျလာမှာဖြစ်ပါတယ်။

၇။ ကယ်လိုရီစားသုံးမှုကို ကန့်သတ်ထားပါ။

လေ့ကျင့်ခန်းလုပ်တာတင်မလုံလောက်သေးပါဘူး။ တစ်နေ့တစ်နေ့ ကိုယ်စားသုံးနေတဲ့ ကယ်လိုရီတွေကို ကန့်သတ်ထားပါ။ ဖြစ်နိုင်ရင် ကယ်လိုရီများတာမစားပါနဲ့။

၈။ တင်းနစ်ဘောလုံးနဲ့ လေ့ကျင့်ခန်းလုပ်မယ်။

တင်းနစ်ဘောလုံးကို လည်ပင်နဲ့ မှေးရိုးမှာ ညှပ်ပြီး ညှစ်လိုက် ဖွလိုက်လုပ်ပေးပါ။ အနည်းဆုံး ၁၀ ခေါက်လုပ်ပေးပါ။

၉။ ဆရာဝန်ဆီသွားပါ။

ဆရာဝန်နဲ့ တိုင်ပင်ပါ။ မှေးနှစ်ထပ်ဖြစ်တာဟာ ကိုယ်အလေးချိန်တက်လို့လား။အသက်ရလာလို့လား။ ဒါမှမဟုတ် တခြားဟော်မုန်းပြဿနာရှိလို့လားဆိုတာကို ဆွေးနွေးပါ။

၁၀။ လက်ခံ အသိအမှတ်ပြုပါ။

သင့်ကိုယ်သင်လက်ခံပါ။ မှေးနှစ်ထပ်ဖြစ်နေလည်း သင်ဟာလှနေပါသေးတယ်။ တောက်ပနေပါသေးတယ်။ သင့်ပေါင်းသင်းဆက်ဆံရေး သင့်ရဲ့အောင်မြင်ခြင်း မအောင်မြင်ခြင်းမှာ မှေးနှစ်ထပ်ဖြစ်လို့ မဖြစ်လို့ဆိုတာကို ဘယ်သူမှထည့်စဉ်းစားနေမှာမဟုတ်ပါဘူး။ သင်ဟာလှပနေဆဲပါပဲ။ သင့်ကိုယ်သင်လက်ခံပါ။ အရှိကိုအရှိအတိုင်း အသိအမှတ်ပြုပါ။