မရောက်ဖူးတဲ့နေရာတွေသွားမယ် .. မစားဖူးသေးတဲ့အစားအစာတွေစားမယ်…. မတူညီတဲ့ ယဥ်ကျေးမှုတွေ ရိုးရာအမွေအနှစ်တွေ.. လေ့လာမယ်… ဒါတွေက ခရီးသွားခြင်းရဲ့အရသာတွေပါ။ သင်ကော ခရီးသွားတာ ကြိုက်တဲ့လူလား ? ခရီးသွားတဲ့အခါ သူငယ်ချင်းတွေနဲ့သွားရတာ ပျော်စရာကောင်းပေမယ့် တစ်ကိုယ်တည်းသွားရတာလည်း လွတ်လပ်တဲ့အရသာတစ်မျိုးပါပဲ။

သင်က အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ် တစ်ကိုယ်တော်ခရီးသွားရတာလည်း ကြိုက်တယ်ဆိုရင် ဒီနေရာလေးတွေကို သွားကြည့်ပါ။ သုတေသနပြုချက်အရ အမျိုးသမီးခရီးသွားတွေအတွက် တခြားနိုင်ငံ တွေထက် ပိုလုံခြုံပြီး ငြိမ်သက်အေးဆေးပါတယ်။

Finland

Lemmenjoki အမျိုးသားဥယျာဉ်၊ ဥရောပရဲ့ အကြီးဆုံးသစ်တောအရံနယ်မြေနဲ့  ရေကန်အများဆုံးရှိတဲ့  ဒေသအပါအဝင် အခြားတောရိုင်းဧရိယာများစွာလည်းရှိတဲ့ ဖင်လန်နိုင်ငံက သဘာဝတရားကိုနှစ်သက်သူတွေ အတွက် အကောင်းဆုံးနေရာတစ်ခုပါ။

Canada

ရာစုနှစ်များစွာရှိတဲ့ သစ်တောတွေ ၊ ဆီးနှင်းဖုံးနေတဲ့ တောင်တွေ ၊ ကျေးလက်ဒေသများ ၊ ကျယ်ပြန့်တဲ့ရှုခင်းများနအထူးသဖြင့် ဆွဲဆောင်မှုရှိပြီး ယဉ်ကျေးမှုပေါင်းစုံ ထိတွေ့မှုလည်းရှိတဲ့နိုင်ငံကတော့ ကနေဒါပါ။

New Zealand

ကွဲပြားတဲ့ ရှုခင်းအမျိုးအစားများကို ပိုင်ဆိုင်ထားပြီး အဓိကကျွန်းနှစ်ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့အပြင် စွန့်စားမှု၊ အားကစား၊ သဘာဝ ဒါတွေကို နှစ်သက်သူများအတွက်တော့ ပြီးပြည့်စုံစေတဲ့နေရာက နယူးဇီလန်ပါ။

Uruguay

မြို့ပြနဲ့ ရင်သပ်ရှုမောဖွယ် ခြားနားမှုကို ဖန်တီးထားတဲ့ ကမ်းခြေများကို သင်ခံစားနိုင်တာက ဥရုကွေးမှာပါ။

Switzerland

ဥရောပရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး ကွဲပြားတဲ့ယဉ်ကျေးမှု ၊ လှပတဲ့ ဆွဲဆောင်မှုမျိုးစုံနဲ့  ရင်သပ်ရှုမောဖွယ် သဘာဝများအပြည့်ရှိနေတဲ့နေရာက ဆွစ်ဇလန်ပါ။

Belgium

ဘယ်လ်ဂျီယံကို ဥရောပမှာ မဖြစ်မနေသွားရမယ့် နေရာတစ်ခုလို့ လူသိများတာက ဘာအတွက်မှ မဟုတ်ပါဘူး။ သမိုင်းဝင်နေရာများ၊ တကယ်ကိုကောင်းတဲ့ အခြေခံအဆောက်အအုံများနဲ့ ခရီးသွားဆွဲဆောင်မှုများ အများအပြားရှိတာကြောင့်ပါ။

Austria

နှင်းဖုံးနေတဲ့ တောင်ထွတ်များ၊ လှပစိမ်းလန်းတဲ့ သစ်တောများနဲ့ ကြည်လင်ပြတ်သားတဲ့ ရေကန်များကို သဘောကျတယ်ဆိုရင်တော့ သြစတြီးယားက ခရီးသွားများစွာအတွက်  ပြီးပြည့်စုံလုနီးပါးရှိတဲ့ နိုင်ငံတစ်ခုပါ။

Iceland

နာမည်နဲ့လိုက်အောင် နိုင်ငံရဲ့ 15% က‌ ရေခဲတွေနဲ့ဖုန်းအုပ်နေပြီး ရေခဲနဲ့ မီးကြား တကယ်ခမ်းနားတဲ့ရှုခင်းတွေကို ‌ပေးနိုင်တာက အိုက်စလန်ပါ။

Japan

အလွန်အဆင့်မြင့်တဲ့ နည်းပညာများနဲ့ ထောင်စုနှစ် ဓလေ့ထုံးတမ်းများကို ပေါင်းစပ်ထားတဲ့ နေရာတစ်ခုဖြစ်တဲ့ ဂျပန်က ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးလို့ သတ်မှတ်ခံထားရတာပါ။

Chile

ခရီးသွားများအတွက် ကျေနပ်စေမယ့် ထူးထူးခြားခြား အလှတရားရှိတဲ့ နိုင်ငံက ချီလီနိုင်ငံပါ။