လက်ရှိ ၂၀၂၃ မှာ ကမ္ဘာ့အချမ်းသာဆုံး ကိုရီးယားမင်းသမီးများအဖြစ်နဲ့ စာရင်းဝင်တဲ့ မင်းသမီး ၁၀ ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်ချစ်ရတဲ့ မင်းသမီးတွေလည်း ပါနိုင်တာကြောင့် အဆုံးထိကြည့်ရင်းနဲ့ အချမ်းသာဆုံး ကိုရီးယားမင်းသမီးတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်။
1. Lee Young-ae
Lee Young-ae က မင်းသမီးလည်းဖြစ်သလို Model လည်းဖြစ်ပါတယ်။ ၂၀၂၃ အတွက် သူမရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၄၀ ခန့်ရှိပါတယ်။
2. IU
မင်းသမီးလည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ IU ရဲ့ ပိုင်ဆိုင်မှုကလည်း ဒေါ်လာ သန်း ၄၀ ခန့်ရှိပါတယ်။
3. Bae Suzy
မင်းသမီးလည်းဖြစ်သလို K-Pop Idol တစ်ယောက်လည်း ဖြစ်ခဲ့တဲ့ Bae Suzy ရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ သန်း ၃၅ ခန့်ရှိပါတယ်။
4. Park Bo-young
မင်းသမီး Park Bo-young ရဲ့ ပိုင်ဆိုင်မှုဟာဆိုရင်တော့ ဒေါ်လာ သန်း ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။
5. Ha Ji-won
မင်းသမီး Ha Ji-won ကတော့ အချမ်းသာဆုံး ကိုရီးယားမင်းသမီးတွေထဲမှာ နံပါတ် ၅ နေရာရှိပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၃၀ ခန့်ရှိပါတယ်။
6. Song Hye-kyo
မင်းသမီး Song Hye-kyo ရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၂၅ သန်း ခန့်ရှိတယ်လို့ သိရပါတယ်။
7. Kim Tae-hee
အချမ်းသာဆုံး ကိုရီးယားမင်းသမီးတွေထဲက နောက်တစ်ယောက်ကတော့ မင်းသမီး Kim Tae-hee ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၁၆ သန်း ဝန်းကျင် ရှိပါတယ်။
8. Choi Ji-woo
မင်းသမီး Choi Ji-woo ရဲ့ ပိုင်ဆိုင်မှုဟာဆိုရင်တော့ ဒေါ်လာ ၁၅ သန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
9. Jun Ji-hyun
မင်းသမီး Jun Ji-hyun ရဲ့ ပိုင်ဆိုင်မှုကလည်း ဒေါ်လာ ၁၅ သန်း ဝန်းကျင် ဖြစ်ပါတယ်။
10. Park Shin-hye
အချမ်းသာဆုံး ကိုရီးယားမင်းသမီး ၁၀ ယောက်ထဲက နောက်ဆုံးတစ်ယောက်ကတော့ မင်းသမီး Park Shin-hye ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၈ သန်း ဝန်းကျင်ရှိပါတယ်။