ကာတွန်းဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေကို မှတ်တဲ့အခါ တော်တော်များများက သူတို့ရဲ့ မျက်နှာ၊ မျက်လုံးအရောင်၊ အဝတ်အစားနဲ့ ဆံပင်ပုံစံစတာတွေနဲ့ တွဲမှတ်လေ့ရှိကြပါတယ်။ Anime လောကက ဇာတ်ကောင်တွေမှာလည်း တူတူပါပဲ။ ဒါကတော့ Ponytail နဲ့တွဲမြင်ရလေ့ရှိတဲ့ Anime ဇာတ်ကောင်တွေပါ။

1. Asagi Aiba (Strike The Blood)

နာမည်ကြီး Anime Strike the Blood ထဲက‌ ကောင်မလေး Asagi Aiba ရဲ့ဆံပင်က ရွှေရောင်ဆံပင်ဖြစ်ပြီး ပရိတ်သတ်တွေသဘောကျတဲ့ ချစ်စရာ Ponytail တစ်ဝက်နဲ့ စတိုင်လ်ကျလေ့ရှိတဲ့သူပါ။

2. Itachi Uchiha (Naruto)

Ponytail နဲ့ကောင်လေး Naruto ကတော့ Anime လောကမှာ မသိသူမရှိတဲ့ ဇတ်ကောင်ပါ။

3. Nagisa Akatsuki (Strike The Blood)

Strike The Blood ထဲမှာ ချစ်စရာကောင်းပြီးHimeragi နဲ့ အတန်းတူ Nagisa ကလည်း ချစ်စရာကောင်းတဲ့ Ponytail လေးနဲ့ပါပဲ။

4. Suzume (Suzume)

အန္တရာယ်ရှိတဲ့ ပိုးကောင်တွေကို လက်တွေ့ကမ္ဘာထဲ မတော်တဆ ပို့ခဲ့ပြီး တစ်နိုင်ငံလုံးကို ရှုပ်ယှက်ခတ်စေခဲ့တဲ့ သော့ချက်ကျောက်တုံးကို လွတ်မြောက်စေခဲ့တဲ့ မိန်းကလေး Suzume ကလည်း ချစ်စရာ Ponytail လေးနဲ့ပါ။

5. Sayaka Kirasaka (Strike The Blood)

Strike The Blood ထဲက ဝတ်စုံရှည်တွေနဲ့ လေးသမား Sayaka Kirasaka ကလည်း Ponytail လေးနဲ့ပါပဲ။

6. Hange Zoë (Titack On Attack)

သူမရဲ့အဖွဲ့အတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ ခေါင်းဆောင်တစ်ယေက်ဖြစ်တဲ့ Hange ကလည်း Ponytail နဲ့ ကြည့်ကောင်းတဲ့သူပါ။

7. Aki (Chainsaw Man)

ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်တဲ့ Aki နဲ့အတူ ချစ်စရာကောင်းတဲ့ သူ့ရဲ့ဆံပင်ပုံစံကိုလည်း သတိထားမိမှာပါ။

8. Giyu Tomioka (Demon Slayer Series)

Giyu ရဲ့ နာမည်ကြီးမှုကတော့ အကြောင်းအမျိုးမျိုးနဲ့ကို ပရိသတ်တွေကြားမှာ ရူးသွပ်ခဲ့ကြတာပါ။ ထူးခြားပြီး ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်တဲ့ထဲမှာ သူ့စတိုင်လ်နဲ့အတူ ပြောင်လက်တောက်ပတဲ့ Ponytail လည်း ပါပါတယ်။

9. Edward Elric (Fullmetal Alchemist)

မတူညီတဲ့ စိတ်ခံစားမှုတွေပေးတဲ့ Fullmetal Alchemist ထဲက Edward Elric ရဲ့ ဆံပင်စတိုင်ကလည်း Ponytail နဲ့ပါပဲ။

10. Shikamaru Nara (Naruto)

တစ်ကမ္ဘာလုံးက သဘောကျတဲ့ Naruto ထဲက ထူးခြားတဲ့ ဇာတ်ကောင် Shikamaru ရဲ့ Ponytail ဆံပင်စတိုင်ကလည်း လူတိုင်းသဘောကျတဲ့ စတိုင်ပါပဲ။