K-Pop လို အပြိုင်အဆိုင်များတဲ့နယ်ပယ်မှာ Idol တွေရဲ့ ကျော်ကြားမှုကို နည်းလမ်းအမျိုးမျိုးနဲ့ တိုင်းတာတတ်ကြပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့နှစ် 2023 မှာ ပရိတ်သတ်တွေရဲ့ Naver မှာ ရှာဖွေမှုအများဆုံးခံရတဲ့ 4th Gen Male Idols တွေထဲမှ ထိပ်ဆုံးရောက်နေတဲ့ ကြယ်ပွင့်စာရင်းပါ။

1. The Boyz’s Juyeon

The Boyz မှ Juyeon ကတော့ ထူးထူးခြားခြား ရှာဖွေမှုပေါင်း 668,000 နဲ့ ဦးဆောင်နေပါတယ်။

2. TXT’s Soobi

TXT ရဲ့ ခေါင်းဆောင် Soobin က ရှာဖွေမှု 345,200 နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

3. TXT’s Yeonjun

သူ့ရဲ့ ထူးခြားတဲ့ အကစွမ်းရည်နဲ့ ဖက်ရှင်အသိတွေကြောင့် ကျော်ကြားတဲ့ Yeonjun ကတော့ ရှာဖွေမှု 343,300
နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

4. The Boyz’s Younghoon

နံပါတ် ၄ နေရာမှာရှိနေတာက ရှာဖွေမှု 284,700 နဲ့ Younghoon ပါ။

5. The Boyz’s Sunwoo

ရှာဖွေမှု 294,600 နဲ့ The Boyz က Sunwoo က နံပါတ် ( ၅ ) မှာ ရှိနေပါတယ်။

6. The Boyz’s Hyunjae

The Boyz ရဲ့ နောက်ထပ်အဖွဲ့ဝင် Hyunjae က ရှာဖွေမှုပေါင်း 234,500 နဲ့ နံပါတ် ( ၆ ) မှာ ရှိနေပါတယ်။

7. Stray Kids’s Hyunjin

Stray Kids က Hyunjin က ရှာဖွေမှု 160,000 နဲ့ နံပါတ် ( ၇ ) မှာ ရှိနေပါတယ်။

8. The Boyz’s Eric

သွက်လက်တဲ့ ဖျော်ဖြေမှုတွေနဲ့ တက်ကြွတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် ပရိတ်သတ်အခိုင်အမာရခဲ့တဲ့ The Boyz က Eric က ရှာဖွေမှု148,100 နဲ့ နံပါတ် ( ၈ ) မှာ ရှိနေပါတယ်။

9. The Boyz’s Q

ထူးခြားတဲ့ဆိုဟန်တွေနဲ့ The Boyz က Q က ရှာဖွေမှု 122,400 နဲ့ နံပါတ် ( ၉ ) နေရာမှာ ရှိနေပါတယ်။

10. ATEEZ’s San

ရှာဖွေမှု 117,900 နဲ့ နံပါတ် ( ၁၀ ) မှာ ရှိနေတာက ATEEZ’ အဖွဲ့ဝင် San ပါ။