ကိုးရီးယား ဒရာမာအမျိုးအစားတွေအများကြီးထဲကမှ ဆေးဘက်ဆိုင်ရာ အပြင်အဆင် ဒါမှမဟုတ် ဆေးရုံက ဆရာဝန်တွေရဲ့ နေ့စဉ်ဘဝအကြောင်းတွေရိုက်ထားတဲ့ ဆေးဘက်ဆိုင်ရာ ဒရာမာတွေကလည်း လူကြိုက်များပါတယ်။ သင်က K-drama တွေ ကြည့်ရတာလည်း ကြိုက်တယ်။ ဆေးဘက်ဆိုင်ရာအကြောင်းတွေလည်း ဝါသနာပါတယ် သိချင်တယ်ဆိုရင်တော့ ဆေးဘက်ဆိုင်ရာအခေါ်အဝေါ်တွေ အကြောင်းအရာတွေ ဆရာဝန်တွေရဲ့ နေ့စဉ်ဘဝ တွေကို အဓိကရိုက်ပြထားတဲ့ ဒီကားတွေက တောင်ကိုရီးယားမှာ ပြဖူးသမျှ ဆေးဘက်ဆိုင်ရာ ဒရာမာတွေထဲမှာ အကောင်းဆုံး အဆင့်သတ်မှတ်ထားခံရတာမလို့ သင်လက်မလွှတ်သင့်တဲ့ကားတွေပါပဲ။
Doctor Cha
Doctor Cha က ဆရာဝန်တွေအကြောင်းရိုက်ထားတဲ့ နောက်ဆုံးထွက် ကိုရီးယားဒရာမာတွေထဲတစ်ခုပါ။ အပိုင်း ၁၆ ပိုင်းနဲ့ 2023 ခုနှစ်မှာ ထွက်ခဲ့တာပါ။
Hospital Playlist
ဆေးရုံမှာ အတူတူအလုပ်လုပ်နေကြပြီး အထူးကုဆရာဝန်များဖြစ်ကြတဲ့ သူငယ်ချင်းဆရာဝန်ငါးယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။ အပိုင်း 24 ပိုင်းပါတဲ့ Season 1 က 2020 ခုနှစ်မှာ ထွက်ခဲ့ပြီး 2021 မှာတော့ အပိုင်း 12 ပိုင်းပါတဲ့ Season 2 ထွက်ခဲ့ပါတယ်။
Doctor John
Pain Management ကို အထူးပြုတဲ့ ဆရာဝန်အကြောင်း ရိုက်ထားတဲ့ ဆေးဘက်ဆိုင်ရာ K-drama ဖြစ်တဲ့ ဒီကားက အပိုင်း ၃၂ ပိုင်းနဲ့ 2019 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Netflix မှာလည်း ကြည့်လို့ရပါတယ်။
Dr. Romantic Season 3
Dr. Romantic က အချစ်ဇာတ်လမ်းနဲ့ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ ကိုရီးယားဒရာမာတွေထဲက တစ်ခုပါ။ Dr. Romantic ဇာတ်လမ်းက Season 3 ခုရှိပြီး Season 1 က 2016 မှာ အပိုင်း ၂၀ ပိုင်း ၊ Season 2 က 2020 မှာ အပိုင်း ၁၆ ပိုင်း ၊ Season 3 က 2023 ခုနှစ် အပိုင်း ၁၆ ပိုင်း စသဖြင့်ထွက်ရှိခဲ့တာပါ။
Life
ဒီ K-drama က 2018 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အပိုင်း 16 ပိုင်းရှိပါတယ်။ ဒီ K-drama ဆေးပညာကို Viki မှာလည်း ကြည့်ရှုလို့ရပါတယ်။
Partners for Justice Season 1 and 2
Partners for Justice က 2018 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး စုစုပေါင်း အပိုင်း 64 ပိုင်းဖြင့် ဇာတ်လမ်းတွဲ 2 ခုရှိပါတယ်။ အကောင်းဆုံး ကိုရီးယားဆေးဘက်ဆိုင်ရာဒရာမာတွေထဲက တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းကို Netflix မှာလည်း ကြည့်လို့ရပါတယ်။
Kokdu: Season of Deity
2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကိုရီးယားဒရာမာက အပိုင်း ၁၆ ပိုင်းရှိပြီး ဒီ K-drama ကို iQiyi မှာ ကြည့်လို့ရပါတယ်။
Doctor Prisoner
တက္ကသိုလ်ဆေးရုံ အရေးပေါ်ကုသရေးဌာနာက စေတနာအပြည့်နဲ့ ခွဲခြားမှုမရှိဘဲ ကုသပေးတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းက 2019 ခုနှစ်တွင်ထွက်ရှိခဲ့ပြီး 32 ပိုင်းရှိပါတယ်။ ဒီဇာတ်လမ်းကို Netflix၊ Viki နဲ့ Apple TV တို့မှာ ကြည့်လို့ရပါတယ်။
If You Wish Upon Me
ငယ်ငယ်လေးကတည်းက စိတ်ဆင်းရဲမှုတွေကလွဲလို့ ဘာမှမသိသေးတဲ့ Yoon Kyeo Re ရဲ့ ဇာတ်လမ်းအကြောင်းရိုက်ထားတဲ့ ဒီဇာတ်လမ်းက အပိုင်း ၁၆ ပိုင်းနဲ့ 2022 ခုနှစ်မှာထွက်ခဲ့ပြီး Viki မှာ ကြည့်လို့ရပါတယ်။
Ghost Doctor
ဒီဇာတ်လမ်းက ခွဲစိတ်မှုမှာ ထူးထူးခြားခြား ကျွမ်းကျင်ပေမယ့် မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ Cha Young Min ဆိုတဲ့ ဉာဏ်ကြီးရှင် ဆရာဝန်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ထားတာပါ။ အပိုင်း ၁၆ ပိုင်းဖြင့် 2022 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Netflix မှာလည်း ကြည့်လို့ရပါတယ်။
											
				
									








