သွားတိုက်ဆေးဆိုတာနဲ့ သွားတွေကျန်းမာဖြူဖွေးဖို့သက်သက်ပဲ မဟုတ်တော့ပါဘူး။သွားတိုက်ဆေးနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အသုံးချနည်းလေးတွေ ရှိပါတယ်။ စိန်နဲ့ ရွှေထည်တွေကို အရောင်တောက်အောင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ပုလဲတွေမှာတော့ သုံးလို့ မရပါဘူး။ အဝတ်အစားမှာ စွန်းထင်းနေတဲ့ ချွတ်ရခက်တဲ့ အစွန်းအထင်းတွေကိုလည်း သွားတိုက်ဆေးသုံးပြီး ချေးချွတ်ပေးလို့ ရပါတယ်။ နောက် Sneaker တွေကို တောက်ပြောင်စေချင်ရင်လည်း သွားတိုက်ဆေးသုံးနိုင်ပါတယ်။

Photo: Ryan Senft, DDS

စန္ဒယားခလုတ်တွေကို သန့်ရှင်းရေး လုပ်မယ်ဆိုရင်လည်း သွားတိုက်‌ဆေးပဲ သုံးလို့ရပါတယ်။ မှန်တံခါးတွေ သန့်ရှင်းရေး လုပ်ဖို့အတွက်လည်း စန္ဒယားတွေ သုံးနိုင်ပါတယ်။ အစွန်းအထင်းတွေကို ချွတ်ရာမှာ သွားတိုက်ဆေးက လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဘေစင်တွေ သန့်ရှင်းရှာမှာလည်း သုံးနိုင်သလို နောက်ဆုံး လက်ဆေးရည်အဖြစ်ပါ သုံးနိုင်ပါတယ်။

ငါးတွေ ကြက်သွန်တွေ ကိုင်ထားလို့ လက်မှာ အနံ့စွဲနေတယ်ဆိုရင် တော်ရုံဆပ်ပြာနဲ့ အနံ့မပျောက်တတ်ပါဘူး။ ဒါဆိုရင် သွားတိုက်‌ဆေးအနည်းငယ်ကို လက်ထဲထည့်ပြီး ပွတ်လိုက်တာနဲ့ အနံ့ချွတ်လို့ ရပြီ ဖြစ်ပါတယ်။ လက်သည်းတွေ အရောင်ညစ်နေတယ်ဆိုရင် စိတ်မပူပါနဲ့။ သွားတိုက်ဆေးလေးနဲ့ လက်သည်းတွေ ပွတ်ပေးလိုက်ရုံပါပဲ။

DVD ခွေတွေမှာ အစင်းခြစ်ရာလေးတွေ ရှိနေတယ်ဆိုရင်လည်း သွားတိုက်ဆေး နည်းနည်းလေး ပွတ်ပေးလိုက်ရင် အစင်းတွေ ပျောက်ပါတယ်။ အစင်းသေးသေးလေးတွေအတွက်ဆို ဒီနည်းက အဆင်ပြေပါတယ်။ သွားတိုက်ဆေးကိုလည်း နည်းနည်းလေးပဲ သုံးဖို့ သတိပြုသင့်ပါတယ်။ ဖုန်း screen တွေကိုလည်း ဒီအတိုင်းပဲ သန့်ရှင်းပေးလို့ ရပါတယ်။

Photo: Mental Floss

အပူလောင်ရင် အပူလောင်နာနေရာ အေးသွားအောင် သွားတိုက်ဆေးလိမ်းပေးနိုင်ပါတယ်။ ပိုးပရွက်ကိုက်လို့ ယားနေတဲ့ နေရာကိုလည်း သွားတိုက်ဆေးလိမ်းပေးရင် အယားသက်သာပါတယ်။ မီးပူမှာ မီးလောင်ကွက်အစင်းတွေ ထင်နေတယ်ဆိုရင် မီးပူကို ပလပ်ဖြုတ်ပြီး သွားတိုက်ဆေးနဲ့ သန့်ရှင်းရေး လုပ်ပေးလို့ရပါတယ်။ ဒါတွေကို သိသွားပြီဆိုတော့ သွားတိုက်ဆေးကို မီးဖိုချောင်သုံးပစ္စည်းတစ်ခုလိုလည်း အကျိုးရှိရှိ သုံးနိုင်ပြီ ဖြစ်ပါတယ်။