ခြေသည်းကိုလှလှလေးထားပြီး ပုံဖော်ရတာမျိုးကိုကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ မိုးရာသီမှာ ခြေသည်းပုံဖော်မယ်ဆိုရင် ရွေးချယ်သင့်တဲ့ ခြေသည်းဒီဇိုင်းလှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းဆိုရင် ရှင်းရှင်းလေးနဲ့လှတဲ့အပြင် အရောင်ကလည်း ရှားပြီး အသားဆောင်တဲ့ အရောင်လေးပါ။ အပြာဘက်သွားတဲ့အရောင်တွေ ကြိုက်တယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်နော်။

 

ဒီခြေသည်းဒီဇိုင်းဆိုလည်း ထင်းပြီးလှနေစေပါတယ်။ အရောင်နဲ့ဒီဇိုင်းက လူကြီးလူငယ်မရွေး လိုက်ဖက်ပြီး မိုးရာသီနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ခြေသည်းကို နက်ပြာရောင်ဆိုးရင် အရမ်းလှတာပါ။ ဒါကြောင့် နက်ပြာရောင်လေးဆိုးပြီး ပုံဖော်လို့ရမယ့် နောက်ထပ်ခြေသည်းဒီဇိုင်း လှလှလေးကို မျှဝေပေးလိုက်ပါတယ်။

အနက်ရောင်ကို ဗြောင်မဆိုးပဲ ဒီလိုဒီဇိုင်းလေးပုံဖော်ပြီးတော့လည်း ဆိုးကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အသားဆောင်ပြီး အရမ်းလှပါတယ်။ မိုးရာသီနဲ့လည်း ကွက်တိဖြစ်ပြီးလိုက်တဲ့ ဒီဇိုင်းလေးပါ။

ဒီဇိုင်းဆန်းပြီး အရမ်းလှတဲ့ ခြေသည်းဒီဇိုင်းပါ။ အရောင်ကအစ ရှားပြီးအသားဆောင်တဲ့ အရောင်လေးပါ။ လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

အရောင်ငြိမ်ပြီး ဒီဇိုင်းရှင်းတာမျိုး ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းနဲ့ အရောင်လေးကိုသာ ရွေးချယ်လိုက်ပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။

မိုးရာသီနဲ့လိုက်ဖက်တဲ့ နောက်ထပ် ခြေသည်းဒီဇိုင်းအဆန်းလေးပါ။ အရမ်းလည်းလှပါတယ်။

ဒီဇိုင်းနဲ့အရောင်လေးတွေက ဘိုဆန်ပြီးလှတဲ့အပြင် အသားလည်းဆောင်ပါတယ်။ အညိုဘက်သွားတဲ့အရောင်လေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။

မိုးရာသီနဲ့လိုက်ဖက်တဲ့ နောက်ထပ်ဒီဇိုင်းလှလှလေးပါ။ ဒီဇိုင်းက မြင်နေကျနဲ့မတူပဲ ဆန်းပြီးလှပါတယ်။ လူငယ်ကောင်မလေးတွေဆိုရင် ပိုပြီးသဘောကျမယ့် ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

အနက်ရောင်ကြိုက်တယ်ဆိုရင်တော့ ဒီလိပ်ပြာပုံ ခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ကြည့်လိုက်တာနဲ့ထင်းပြီး အရမ်းလှပါတယ်။ ခြေမမှာပဲ အပြည့်ပုံဖော်ထားတာကြောင့် ပိုလှသွားစေတာပါ။