ခြေသည်းနီ အရောင် လှလှလေးတွေက သင့် ခြေလှမ်းတွေကို ပံ့ပိုးပေးနိုင်ပါတယ်။ တခြားသူတွေရဲ့ သင့်အပေါ် အမြင်ကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။ သင်က သင့်ကိုယ်သင် ဂရုတစိုက်ရှိပြီး ပြင်ပြင်ဆင်ဆင် နေတတ်တဲ့ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း လက်သည်းနီ အရောင်လှလှလေးတွေ၊ ခြေသည်းနီ အရောင်လှလှလေးတွေက ပြောပြပေးနေတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခြေသည်းနီ ဆိုးနေကျ ပျိုမေတွေ ဘဝမှာ တစ်ခါလောက်တော့ Try ဆိုးကြည့်သင့်တဲ့ ခြေသည်းနီ ပုံစံတွေကို ဖော်ပြပါရစေ။ ဒီထဲက သင်အကြိုက်ဆုံး ပုံစံကို ရွေးပြီး Nail Salon မှာ ဆိုးကြည့်နိုင်ပါတယ်နော်-

ခြေသည်းနီ မဆိုးခင် ပထမဆုံး ဂရုစိုက်ရမှာက သင့်ခြေထောက်ကိုပါ။ သင့်ခြေထောက်က သန့်ရှင်းပြီး ကြည်ကြည်လင်းလင်းလေး ဖြစ်နေမှ ခြေသည်းနီ ဆိုးတဲ့အခါ ပိုပေါ်နေမှာပါ။ ခြေထောက်ကို ပုံမှန် Scrub တိုက်ပေးပြီး အစိုဓာတ်ထိန်း ခရင် Lotion ကိုလည်း ခြေထောက်ပေါ် လိမ်းပေးဖို့ မမေ့သင့်ပါဘူး။

ပန်းပွင့်လေးတွေနဲ့ ရောစပ်ထားတဲ့ ခြေသည်းနီပုံစံ

အဝတ်များတဲ့ အရောင်ဖြစ်တဲ့ Nude Color ဖိနပ်ကို စီးတဲ့အခါ လိုက်ဖက်မယ့် ခြေသည်းနီပါ

အပြာရောင် အနုလေး

ရောင်စုံစတိုင်

အစိမ်းရောင် Lover တွေအတွက်

အဝါရောင်လေး ကိုမှ ချစ်တယ် ဆိုသူတွေ ဆိုးသင့်တဲ့ အရောင်

Smile ပုံစံ အရောင်ဆန်းလေး

ကာတွန်းရုပ်တွေကို ကြိုက်နှစ်သက်တဲ့ ပျိုမေတို့အတွက်

ရှားပြီး မြင်ရခဲတဲ့ အရောင်လေး

ပန်းရောင်နဲ့ အဖြူရောင် တစ်လှည့်စီ

Photo Source: Pinterest

By MyStyle Myanmar