ဖက်ရှင်နဲ့ ပတ်သက်ရင် မိန်းကလေးတွေ ရွေးလေ့ရှိတဲ့ အရောင်နှစ်မျိုးကတော့- အဖြူနဲ့ အနက်ပါ။ ဖိနပ်ရွေးတဲ့အခါမှာလည်း အဖြူနဲ့ အနက် ဖိနပ်က အင်္ကျီတိုင်းနဲ့ လိုက်ဖက်တာမို့ မိန်းကလေးတွေ ရွေးလေ့ရှိပါတယ်။ သင့်ဆီမှာ ဒီလို ဖိနပ်အရောင်လေးတွေ ရှိထားမယ်ဆိုရင် ခြေသည်းအရောင်လေးတွေကိုလည်း ဖိနပ်နဲ့ လိုက်ဖက်အောင် ဖန်တီးနိုင်ပါတယ်။

ဒီအကြောင်းအရာကတော့ ခြေသည်းနီ ဆိုးနေကျ မိန်းကလေးတွေအတွက်ကော ဓာတ်ပုံရိုက်ရင် ခြေသည်းအရောင်၊ ဖိနပ်အရောင် လိုက်ဖက်ပြီး အထာကျနေဖို့ကော ရည်ရွယ်ပါတယ်။ ဒါ့အပြင် ဖော်ပြပါ ခြေသည်းအရောင်တွေက ဖိနပ်အဖြူ၊ အနက်တို့နဲ့ အရောင်ပိုထွက်သွားတတ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

နက်ပြာ အရင့်က တည်ငြိမ် ပြတ်သားတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပြီး ဖိနပ်အနက်နဲ့ လိုက်ဖက်ပါတယ်။

အရောင်အရင့်တွေက အရောင်အရင့်နဲ့ပဲ တွဲလိုက်ရင် လိုက်ဖက်သွားတာကို ဒီအစိမ်းနဲ့ အသားရောင် ခြေသည်းပုံစံက သက်သေပြနေပါတယ်။

ခြေသည်း အရောင်စုံ အရောင်လွင်လွင်လေးတွေက အဖြူရောင် ဖိနပ်နဲ့ လိုက်ဖက်ပါတယ်။

အနက်လေးနဲ့ အပြာရောင် ခြေသည်းက လိုက်ဖက်တာ ပြောစရာတောင် မလိုတော့ပါဘူး။

အဖြူရောင် ဖိနပ်နဲ့ လိုက်ဖက်တဲ့ အပြာရောင် ပန်းပွင့်ပုံစံ ခြေသည်းနီ

အစိမ်းက အနက်ရောင်ဖိနပ်ကို ပိုပေါ်လွင်စေပါတယ်။ ဒါ့အပြင် ကြည့်ရတာလည်း လှနေပါတယ်။

ချစ်ဖို့ကောင်းတဲ့ ခြေသည်းနီအရောင်လေးတွေကို လိုချင်ရင် ဒီပုံစံလေး ပုံဖော်ကြည့်နိုင်ပါတယ်။ ဒီပုံစံက ဖိနပ်အဖြူနဲ့လည်း လိုက်ဖက်ပါတယ်။

အနက်မကျ မီးခိုးရောင် မကျ ဖိနပ်နဲ့ လိုက်ဖက်ပြီး အသားပိုဝင်းသွားစေမယ့် ခြေသည်းနီ အရောင်

အဝါရောင် ခြေသည်းနီကို ဒီလို ပုံဖော်လိုက်မယ်ဆိုရင် အနက်ရောင် ဖိနပ်နဲ့ ပိုကြည့်ကောင်းသွားစေမှာပါ။

အနီရောင် ခြေသည်းနီက ဆိုးရတာ လွယ်ကူတဲ့အပြင် ဖိနပ်အနက်ရောင်နဲ့လည်း လိုက်ဖက်ပါတယ်။

ခြေသည်းရောင်စုံတွေက ဖိနပ်အဖြူနဲ့ လိုက်သလို ဖိနပ် အနက်ရောင်နဲ့လည်း လိုက်ဖက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar