မိန်းကလေးတိုင်းလိုလို ခြေထောက် သန့်သန့် ဖြူဖြူလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ခြေထောက် လှလှလေးတွေကြောင့် ချစ်သူဆီက ချီးကျူးတာ ခံချင်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိချင်တာ၊ ကိုယ့်ခြေထောက်လေးကို ပြန်ကြည့်ပြီး ဂုဏ်ယူချင်တာ စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် ခြေထောက် သန့်သန့် ဖြူဖြူလေး ဖြစ်ချင်ကြပါတယ်။ ခြေထောက်ကလေး ဖြူဖွေးသန့်ပြန့်နေမှ ဖိနပ်ဝတ်တဲ့အချိန်လည်း ပိုလှနေမှာပါ။ ဒီလိုလေး လှနေဖို့ ခြေထောက်ကို Scrub ပုံမှန်တိုက်ပေးတာ၊ ပုံမှန် Lotion လိမ်းပေးတာ စတာတွေကို လုပ်ပေးရပါမယ်။ ဒါ့အပြင် ကိုယ့်ခြေထောက် အသားအရောင်နဲ့ လိုက်ဖက်တဲ့ ခြေသည်းနီ အရောင်တွေကို ဆိုးပေးသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ခြေထောက်ကို နဂိုထက် သန့်သန့် ဖြူဖြူလေး ဖြစ်သွားစေမယ့် ခြေသည်းနီ အရောင်တွေကို ဖော်ပြပါရစေ။

ပန်းရောင်အနုက သိပ်ထိန်းသိမ်းစရာမလိုဘဲ အရောင်ခံတဲ့ ခြေသည်းနီ ဒီဇိုင်း ဖြစ်ပါတယ်။


ခြေသည်းနီ အရောင် မတောက်ဘဲ ဖျော့ဖျော့လေးတွေက အသားရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။ Glitter နှစ်သက်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်မယ့် ခြေသည်းနီ ပုံစံ ဖြစ်ပါတယ်။


ဒီအရောင်လေးက သင့်ခြေထောက်ကို ပိုဖွေးသွားစေမယ့် အရောင်ဖြစ်ပါတယ်။


ပန်းရောင်ကိုမှ အရောင်လတ်တဲ့ ပုံစံလေးက မိန်းကလေးဆန်ပြီး Soft ဖြစ်တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေမှာပါ။


ရောင်စုံ ခြေသည်းနီ ဆိုးချင်တယ်ဆိုရင် အောက်ဖော်ပြပါ အရောင်တွေကို ရွေးချယ်သင့်ပါတယ်။


မိန်းကလေးတိုင်းလိုလို သဘောကျကြတဲ့ အရောင်လေး


နှစ်ရောင်စပ် ခြေသည်းနီပုံစံလေးကို ဆိုင်မှာ ပုံစံပြပြီး ဆိုးရင် မလွဲမသွေ လှနေမှာပါ။


သင့်ခြေထောက်ကို ပိုဖြူသွားစေမယ့် နောက်တစ်ရောင်


အရောင်ဖျော့လေး နှစ်သက်တဲ့ ကောင်မလေးတွေအတွက်


အရောင်စပ်လေး


ခရမ်းရောင် နှစ်သက်တဲ့ မိန်းကလေးတွေ ဆိုးကြည့်သင့်တဲ့ ခြေသည်းနီရောင်


အဖြူရောင် ဖိနပ်စီးတဲ့အချိန် အဖြူရောင် ခြေသည်းနီကလည်း အဆင်ပြေနေမှာပါ။


ကျက်သရေရှိတဲ့ ခြေထောက်လေးကို ပိုင်ဆိုင်စေမယ့် အရောင် ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar