ကိုယ်တိုင်ကိုယ်ကျ သားသမီးကိုမမွေးဖူးသေးဘဲနဲ့ ကလေးတစ်ယောက်ကို ထိန်းကျောင်းပြုစုရတာက လွယ်လှပြီလို့ မထင်လိုက်ပါနဲ့။ သင့်ဘဝထဲကို စတင်ဝင်ရောက်လာပြီဆိုတာနဲ့ တစ်နေ့တစ်မျိုးမရိုးရလေအောင် သင့်ကိုအမျိုးမျိုး အနှောင့်အယှက်ပေးတော့မှာဖြစ်ပါတယ်။

ကလေးမွေးလိုက်ပြီဆိုတာနဲ့ သင့်ဘဝထဲကို ဘယ်လိုအခြေအနေမျိုးတွေ ဝင်ရောက်လာမလဲဆိုတာကို တစ်ချက်ချင်းစီးပြောပြပေးသွားမယ်နော်။

၁။ ကလေးအိပ်အောင်လို့ အချိန်တွေပေးပြီးသိပ်လေ ကလေးတွေက ပိုပြီးမအိပ်တဲ့အပြင် လန်းဆန်းလို့တောင်နေပါသေးတယ်။

၂။ သူတို့လေးတွေပျော်အောင်လို့ အချိန်တွေပေးပြီး စီစဥ်ခဲ့လိုက်ပို့ခဲ့ပေမယ့်လည်း သွားမယ့်နေရာကို ရောက်ပြီဆိုတာနဲ့ အိပ်ပျော်သွားတတ်တာလည်း သူတို့လေးတွေပါပဲ။

၃။ ၂ နာရီလောက် သူတို့စားဖို့အတွက် အရသာရှိတာတစ်ခုခုကို ချက်ပြုတ်ပေးတယ်ဆိုပေမယ့်လည်း မစားဘူးဆိုပြီး ဂျစ်တိုက်တဲ့အပြင် အိမ်သာတစ်သျှူးတွေကို ပါးစပ်နဲ့ကိုက်ဖြဲတတ်ကြပါသေးတယ်။

၄။ ဘေးချင်းကပ်အခန်းဖော်တွေ၊ အိမ်နီးနားချင်းတွေ ဆူအောင်ပြုလုပ်တဲ့ အသံတွေက ကိုယ့်ကလေးရှာတဲ့ ပြဿနာအရေအတွက်နဲ့စာရင် မပြောပလောက်ပါဘူး။

၅။ သူတို့ရှေ့မှာ Marker ‌ပေါင်း အခု ၁၀၀ လောက်ချပေးထားတယ်ဆိုရင်တောင်မှ အဲ့ထဲက ဖျက်မရတဲ့ Marker တစ်ချောင်းကို ရအောင်ရှာပြီး ကောင်းကောင်းကြီးသုံးပြပါလိမ့်မယ်။

၆။ ငြိမ်ငြိမ်မနေဘဲ လက်ဆော့တဲ့အခါမှာ ဒီလိုမျိုး ငိုအားထက်ရယ်အားသန် အခြေအနေတွေဖြစ်လာတတ်ပါတယ်။

၇။ ဗွက်အိုင်တစ်ခုခုကိုတွေ့လိုက်တာနဲ့ ပြေးပြီးခုန်လိုက်ရမှ နေသာထိုင်သာရှိတာဟာ ကလေးတွေပါပဲ။

၈။ ပစ္စည်းတစ်ခုကို ဘယ်လိုသုံးရမယ်ဆိုပြီး နည်းမှန်လမ်းမှန်ကို ပြောပြပေးပေမယ့်လည်း သူတို့နည်းသူတို့ဟန်နဲ့ ကြံကြံဖန်ဖန်အသုံးပြုပြီး ပြဿနာရှာတတ်ကြပါသေးတယ်။

၉။ အိမ်မွေးတိရိစ္ဆာန်ရယ်၊ သားသမီးရယ်ကို အတူခေါ်ပြီး လမ်းလျှောက်ထွက်ကြချိန်မှာ ကြိုးဆွဲထားရမှာက တိရိစ္ဆာန်လေးတွေမဟုတ်ဘဲ ကလေးတို့ဖြစ်နေတတ်ပါတယ်။

၁၀။ ပုံဆွဲဖို့အတွက် စာရွက်တွေအများကြီးပေးထားရင်တောင်မှ တခြားနေရာတွေမှာ လျှောက်ခြစ်ဆွဲတာက ကလေးသဘာဝလိုကိုဖြစ်နေပါပြီ။

၁၁။ မိတ်ကပ်ဘူးတွေကို သေချာ လုံလုံခြုံခြုံ သိမ်းဆည်းထားတယ်လို့ မိဘတွေက ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ချောင်ကြိုချောင်ကြားက ပစ္စည်းတွေကို လိုက်ရှာပြီး ကောင်းကောင်းကြီးအသုံးချပြပါလိမ့်မယ်။

၁၂။ ဘေးပတ်ဝန်းကျင်မှာ လူပိုများလေလေ ကလေးတွေက ပိုပြီးထိန်းမနိုင်သိမ်းမရဖြစ်လေပါပဲ။

၁၃။ ကိတ်မုန့်စားဖို့အတွက် ခက်ရင်းမလိုပါဘူး။ လက်နှစ်ဖက်နဲ့ အားရပါးရ စားပြတတ်တယ်။

Source: BrightSide