အားလုံးပဲ့ မဂ်လာပါနော်။ ပျိုမေတို့ရဲ့နေထိုင်အပြုအမူပုံစံတွေကြောင့် အသားအရေ မွဲခြောက်တာတွေနဲ့ အိုမင်းရင့်ရော်မှုမြန်ဆန်တာတွေက တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။  အစားအသောက်တွေ အနေအထိုင်မဆင်ခြင်မှုတွေ‌ကလည်း အသားအရေနဲ့ ပတ်သက်တဲ့ပြဿနာတွေရဲ့အစပါပဲ့။

ဒါကြောင့် အသားအရေ ကျန်းမာစိုပြေပြီး အရွယ်တင်နုပျိုနေစေဖို့ နေ့စဉ်လုပ်ဆောင်မှုတွေထဲမှာ သတိထားရှောင်ရှားသင့်တဲ့အခြေခံအချက်တချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

ကော်ဖီအလွန်အကျွံ မသောက်မိပါစေနဲ့

ကော်ဖီအလွန်အကျွံသောက်တာဟာ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ကော်ဖီကို လုံးဝမသောက်ရဘူးလို့တော့ ဆိုလိုချင်တာမဟုတ်ပါဘူး။ တစ်ခါတစ်လေသောက်နိုင်ပါတယ်။ ကော်ဖီတွေ ဆိုဒါ ဖျော်ရည်တွေအစား ရေများများသောက်ပေးပါနော်။

အိပ်ယာဝင်ခါနီး မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့

အိပ်ယာမဝင်ခင်မှာ အနည်းဆုံးတော့ တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်ကိုသေချာဖျက်ပြီး မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်နော်။ အဲ့လို Double Cleansing မလုပ်ပေးဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ အသားအရေ ညစ်ညမ်းပြီး ခြောက်ကပ်ကပ်ဖြစ်လာပါလိမ့်မယ်။

အိပ်ယာဝင်တာ နောက်မကျစေပါနဲ့

၁၀ နာရီထက်နောက်ကျမှ အိပ်ခြင်းဟာ အသားအရခြောက်သွေ့ပြီး ပင်ပန်းနွမ်းနယ်တဲ့ပုံပေါက်စေပါတယ်။ အိပ်ရေးမဝတာက အသားအရေကို ဆိုးဆိုးရွားရွားပျက်ဆီးစေနိုင်ပါတယ်။

ရေချိုးပြီးတိုင်း Lotionလိမ်းပေးပါ

ရေနွေးနဲ့ ရေချိုးတာဟာ အသားရေကို မွဲခြောက်စေပါတယ်။ ဒါကြောင့် ရေချိုးပြီးတိုင်း အသားအရေကို စိုပြေစေတဲ့ Lotionတွေ လိမ်းပေးဖို့ မမေ့ပါနဲ့နော်။

Sunscreenလိမ်းပါ

အပြင်ထွက်တဲ့အခါ UV ကာကွယ်ပေးတဲ့ Sunscreenတွေ မလိမ်းတာဟာ အသားအရေကို ဆိုးဆိုးရွားရွားပျက်ဆီးစေပါတယ်။ UV ကာကွယ်ပေးတဲ့ နေလောင်ခံခရင်မ်ကို အပြင်သွားတဲ့အချိန်တွေမှာမက အိမ်မှာနေရင်းလည်း လိမ်းပေးပါနော်။ နေလောင်ခံခရင်မ်မလိမ်းပဲ နေရောင်ထိတွေ့တာများလာရင် အရေပြားကင်ဆာထိ ဖြစ်နိုင်ပါတယ်။

အရက်သေစာ ရှောင်ကြဉ်ပါ

အရက်သေစာ သောက်တာဟာ အရေပြားကို ညစ်ညမ်းစေရုံသာမကဘဲ အသားအရေကိုလည်း အိုမင်းပျက်စီးလွယ်စေပါတယ်။

ခဏခဏမျက်နှာသစ်ခြင်းကို ရှောင်ရှားပေးပါ

မျက်နှာကို ခဏခဏသစ်တာတွေ ဆပ်ပြာခဏခဏသုံးတာကလည်း အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အသန့်ကြိုက်တဲ့သူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ အဲလိုမျက်နှာကို ခဏခဏသစ်တာဟာ အသားအရေခြောက်သွေ့ပြီး အရေးအကြောင်းတွေ အလွယ်တကူဖြစ်ပေါ်စေပါတယ်။

ဒီအချက်တွေအားလုံးကတော့ အသားအရေနဲ့ ဆိုင်တဲ့ သတိထားသင့်တဲ့ အခြေခံအချက်တွေဖြစ်တဲ့အတွက် ပျိုမေလေးတွေရဲ့အသားအရေ လှပစိုပြေစေဖို့ လိုက်နာဖို့ မမေ့ပါနဲ့နော်။

Source: marieclaire.com