Hello..MyStyle Myanmar ပရိသတ်ကြီးတို့ရေ…တကယ်လို့ ကိုယ်အလေးချိန်လျှောချဖို့အစီအစဉ်ရှိတယ်ဆိုရင် Gym သွားရုံ၊ အိမ်မှာ Work Out လုပ်ရုံနဲ့ ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်လေးကို အချိန်တိုလေးအတွင်းမှာ ရရှိဖို့ဆိုတာ မလွယ်ကူပါဘူးနော်။ ဒါ့အပြင် အစားအသောက်အတွက် သတိပြုဖို့ကလည်း အရေးကြီးပါတယ်။ အစာတွေချည်း ရှောင်ပြီး ပိန်အောင် လုပ်လို့ရတယ်ဆိုပေမဲ့ သင့်ကျန်းမာရေးကိုထိခိုက်နိုင်တဲ့အတွက် မတိုက်တွန်းချင်ပါဘူးနော်။

ဒါကြောင့် အဆီမရှိ ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်လေး ရရှိစေဖို့အတွက် မျှတတဲ့အစားအစားကို ပုံမှန်စားတတ်အောင် ကြိုးစားယူနိုင်ဖို့ပဲ အဓိကကျပါတယ်။ ဒီလိုမှ တစ်လလျှင်တစ်လဆိုသလို သိသာတဲ့ ရလဒ်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ Good Exercise နဲ့ Good Diet ပေါင်းစပ်မှ Healthy Lifestyle ကိုရမှာပဲဖြစ်ပါတယ်။

ဒီလိုမျှတတဲ့ ဘဝနေထိုင်မှုပုံစံကို ရအောင် နေ့မှာလုပ်စရာရှိတာလုပ်ပြီး ညကျရင်တော့ နောက်နေ့အတွက်ပါ ကြိုတင်ပြင်ဆင်မှုလုပ်တတ်ဖို့ လိုအပ်ပါတယ်။ အဆီမရှိတဲ့ Fit Bodyလေးရရှိစေဖို့ ညမအိပ်ခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ညဖက် ၇နာရီကျော်ပြီဆို Snacks တွေ ဘာတွေစားတာကို ရှောင်ပါ။ အတတ်နိုင်ဆုံး ဘာမှ မစားမိအောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းပါ ။ ဗိုက်ကတင်းကားမှ အိပ်ရာဝင်တဲ့အကျင့်ဟာ အစာအိမ်ကို ဒုက္ခပေးရာရောက်ပါတယ်။ ကိုယ်ခန္ဓာအလှုပ်အရှားမရှိတော့ ထိုမချေနိုင်တဲ့အစာတွေဟာ အဆီအဖြစ် မလိုလားအပ်တဲ့နေရာတွေမှာ သွားစုတတ်ပါတယ်။

နောက်တစ်ချက်ကတော့ စိတ်ဆုံးဖြတ်ထားဖို့လိုပါတယ် ကိုယ်ပျော်ရွင်မှုနဲ့ စိတ်ကျန်းမာဖို့က ကိုယ်နဲ့ စပ်ဆိုင်ဆုံးဖြစ်လို့ စိတ်ကိုအလိုလိုက်ပြီး ဘာမှမစားဖို့ Healthy Life ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောင့်ရဲတတ်ဖို့ စိတ်ကိုပြင်ဆင်ထားဖို့ လိုပါတယ်။

Meal Plan သေချာဆွဲထားပြီး နောက်တစ်နေ့ စားသောက်ဖို့အတွက် အစားအသောက်ကိုလည်း ညကတည်းက ကြိုတင်ပြင်ဆင်တတ်ဖို့လိုပါသေးတယ်။ မျှတပြီး စားသင့်တဲ့ Lunch တို့ Dinner တို့ ကြိုပြင်ခြင်းဟာ အလျှင်စလိုဗိုက်ဆာလို့ Fast Food တွေ ကယ်လိုရီများတဲ့ အစားအစာတွေ မှာစားထားတာထက်ပို ကောင်းပါတယ်။

နောက်ဆုံးအချက် မအိပ်ခင်နွားနို့ တစ်ခွက်သောက်ပါ။ နွားနို့မှာ ပရိုတင်းဓာတ်လည်းပါဝင်သလို အရိုးအတွက်ကောင်းမွန်တဲ့ ကယ်လ်ဆီယမ်ပါသလို ညမအိပ်ခင်သောက်တော့ ကယ်လိုရီကိုလောင်ကျွမ်းခြင်းကိုလည်း အထောက်အကူဖြစ်စေပါတယ်။

Source: Shutterstock