မင်္ဂလာပါနော်။ အခုခေတ်မှာ နေ့စဉ်စားဝတ်နေရေးအတွက် မအားလပ်တဲ့ အချိန်ဇယားတွေနဲ့အတူ နပန်းလုံးနေရလို့ သင့်အသားအရေကိုတောင်ဂရုမစိုက်ဖြစ်ဘူးဖြစ်နေလား။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကြောင့်လည်း အသားအရေကို ပင်ပန်းနွမ်းနယ်စေသလို အိုမင်းရင့်ရော်စေပါတယ်။

ဒါ့ကြောင့် အလုပ်လည်းလုပ်ရင်း စိတ်ဖိစီးမှုကိုလည်း လျှော့ချနိုင်ဖို့ ကျန်းမာအောင်နေထိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီစားပေးပါ။

၂။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ် (အနည်းဆုံး မိနစ် ၃၀ လောက်ပဲ သင့်ကျန်းမာရေးအတွက်အချိန်ပေးလိုက်ပါ)

၃။ ရေများများသောက်ပါ

၄။ ဝိုင်နီသောက်နိုင်ပါတယ်။

၅။ အသီးအနှံစားပါ

၆။ ကော်ဖီအစား Green Tea (သို့) ရေနွေးကြမ်းသောက်ပါ

၇။ ရှားစောင်းလက်ပက်ကို လိမ်းပေးပါ။

၈။ အိပ်ရေးဝဝအိပ်ပါ

၉။ သကြားရှောင်ပါ

၁၀။ နည်းနည်း နည်းနည်းစီ စုစားပါ

၁၁။ ဆေးလိပ်မသောက်ပါနဲ့

၁၂။ အချိန်ကို သေချာစီမံပါ

၁၃။ အကောင်းဖက်က တွေးပါ

၁၄။ ကွေကာအုတ်အကြမ်းနဲ့ မျက်နှာပေါင်းတင်ပါ

၁၅။ အိပ်ယာမဝင်ခင် မျက်နှာသစ်ပါ။ သန့်ရှင်းပါ။ Moisturizer လိမ်းပေးပါ။

၁၆။ မျက်နှာပေါင်းတင်ပါ

၁၇။ နေလောင်ကာ ခရင်မ်လိမ်းပေးပါ