Mystyle Myanmar pageက ချစ်သူကိုအရမ်းချစ်တတ်တဲ့ပျိုမေလေးတွေအတွက် သိထားသင့်တဲ့အကြောင်းအရာတချို့ပါနော်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သူကောင်လေးတွေက သူတို့ချစ်ရတဲ့သူဆီကနေ တစ်ခြားအရာတွေထက် လိုချင်တတ်ကြတဲ့အရာလေးတွေ ရှိတတ်ကြပါတယ်။ အဲဒီအရာတွေကို အရမ်းတန်ဖိုးထားတတ်ကြသလို သူတို့ရဲ့အချစ်တည်မြဲဖို့အတွက် ဒါတွေလိုအပ်တယ်လို့လည်း တော်တော်များများယောကျာ်းလေးတွေက လက်ခံယုံကြည်ထားတတ်ကြပါတယ်။ ချစ်သူကောင်မလေးတွေဆီကနေ တစ်ခြားတန်ဖိုးကြီးဆွဲဆောင်မှုရှိတဲ့အရာတွေထက်ပိုပြီး ဒီအရာလေးတွေကို လိုချင်မြတ်နိုးတတ်ကြပါတယ်လို့ ဆိုခဲ့ကြပါတယ်။

ကဲ..ဘယ်လိုအရာတွေကို သူတို့တန်ဖိုးထားမြတ်နိုးလဲဆိုတော့…အခုပဲပြောပြပေးလိုက်ပါတယ်နော်။

ယုံကြည်နားလည်မှု

 

ပထမဆုံးအရေးကြီးဆုံးက ယုံကြည်နားလည်မှု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောကျာ်းလေးတော်တော်များများက သူတို့ချစ်ရတဲ့သူဆီက သူတို့ကိုယုံကြည်ပြီး နားလည်ပေးတတ်တာကို အရမ်းမက်မောတတ်ကြပါတယ်။ တစ်ခြားလူတွေက ဘယ်လိုတွေပြောဆိုနေကြပါစေ သူတို့ဂရုမစိုက်ပါဘူး ဒါပေမယ့် သူတို့အတွက် ချစ်ရသူရဲ့ နားလည်ပေးမှုကိုတော့ လိုချင်တတ်ကြပါတယ်။ မေးခွန်းတွေအများကြီး မမေးပဲ သူတို့ပြောတာကို ယုံကြည်နားလည်ပေးတာမျိုးကို သူတို့အရမ်း လိုချင်ကြပါတယ်။ ချစ်သူကောင်မလေးက သူတို့အပေါ် သံသယမထားပဲနားလည်ယုံကြည်ပေးတာကိုက သူတို့အတွက် ပြီးပြည့်စုံတဲ့ချစ်ခြင်းကို ခံစားရစေတာပါပဲ။

သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံပေးတာ

မိန်းကလေးတွေက သဘာဝအရ ချစ်ရတဲ့သူတွေကို စေတနာစိတ်ဖြင့်အကောင်းဆုံးဖြစ်စေချင်တဲ့စိတ်နဲ့ ပြုပြင်ပေးချင်တာတွေ များတတ်ကြပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေရဲ့ သဘာဝက သူတို့ကို ပြောင်းလဲဖို့ ကြိုးစားတာကို စိတ်ကျဉ်းကြပ်ပြီးမုန်းတတ်ကြတာပါပဲ။ ဒါဟာ ဆက်ဆံရေးတွေကို ပြိုလဲပျက်စီးသွားစေနိုင်တဲ့ အဓိကအကြောင်းအရင်းတခုလည်းဖြစ်ပါတယ်။ ယောကျာ်းလေးတွေက သူတို့ရဲ့ နဂိုပုံစံအတိုင်းကိုသာ သူတို့ချစ်တဲ့သူတွေက လက်ခံပေးစေချင်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုကို ချစ်ပေးတာမျိုးပဲ လိုချင်ကြပြီး သူတို့အရမ်းချစ်မိသွားတဲ့အခါမှာတော့ သူတို့ကိုယ်တိုင်က ချစ်ရသူလိုချင်တဲ့ပုံစံအတိုင်း ပြုပြင်ပေးတတ်ကြတာပါပဲ။

အပြုံး

သင့်အတွက် ပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက်ရှာတွေ့နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

ယောကျာ်းလေးတွေဟာ သူတို့ကောင်မလေးဆီက အပြုံးကို တစ်ခြားအရာတွေထက် ပိုလိုချင်တပ်မက်ကြပါတယ်။ သူတို့ကြောင့်ပဲ ချစ်သူကောင်မလေးကို ပိုပျော်ရွှင်စေချင်မိတတ်ကြပါတယ်။ ပျော်ရွှင်နေတဲ့ကောင်မလေးရဲ့ မျက်နှာကိုပဲ အမြဲမြင်တွေ့ချင်ကြသလို သူတို့ချစ်တဲ့သူရဲ့အပြုံးဟာ အရာအားလုံးထက် ဆွဲဆောင်မှုရှိစေပါတယ်။

နွေးထွေးကြင်နာမှု

ယောကျာ်းလေးတွေက သူတို့တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို နွေးထွေးမှုရှိစေချင်တတ်ကြသူတွေပါ။ တချို့ယောကျာ်းလေးတွေက ပါးစပ်ကသာ ထုတ်မပြောတတ်ကြပေမယ့် သူတို့အပေါ်နွေးထွေးပြီးကြင်နာတတ်တာကို လိုချင်တတ်ကြပါတယ်နော်။ နောက်ပြီး နွေးထွေးမှုမရှိတဲ့ အေးစက်စက်ဆက်ဆံရေးမျိုးက ဘယ်သူကိုမှ မပျော်ရွှင်စေနိုင်ပါဘူးနော်။ ဒါကြောင့် နွေးထွေးကြင်နာတတ်တဲ့ ဆက်ဆံရေးကလည်း ချစ်သူနှစ်ဉီးလက်တွဲတဲ့အချိန်မှာ ကြာရှည်တည်တံ့ဖို့အတွက်အများကြီးအထောက်အကူလည်းဖြစ်စေပါတယ်နော်။

Source;Brightside