အခုလိုITခေတ်ကြီးမှာ ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်နေရတဲ့အခါမျိုးတွေ၊ တီဗွီရှေ့မှာ တစ်နေကုန်ထိုင်ပြီး တီဗွီကြည့်နေတဲ့အခါ၊ ဖုန်းပဲ တစ်ချိန်လုံးသုံးနေမိတာ စတဲ့အရာတွေကြောင့် တကိုယ်လုံးကိုက်ခဲညောင်းညာပြီး ဇက်ကြောတက်တာတွေ ခေါင်းကိုက်တာတွေကို ပိုမိုရရှိခံစားလာကြတာကို အားလုံးသိမှာပါနော်။ အလုပ်လုပ်သူ ၄၅ ရာခိုင်နှုန်းခန့်က ဇက်ကြောတက်ခြင်း၊ လည်ပင်းနာခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို နေ့စဉ်အတူတကွ ခံစားလာရတာပဲ့ဖြစ်ပါတယ်။

ကဲ..ဒီလိုဇက်ကြောတက်လာပြီ၊ ခေါင်းကိုက်ညောင်းညာလာပြီဆိုတာနဲ့ ဒီရိုးရှင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို အမြန်ဆုံးသာ ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့တနေ့တာကို အနှောင့်အယှက်ဖြစ်စေတဲ့ ဇက်ကြောတက်တာတွေ ခေါင်းကိုက်ညောင်းညာတာတွေကို ယူပစ်သလို ပျောက်ကင်းသွားစေမှာပဲ့ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

သင့် လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာ ထားထားပါ။ မေးစေ့ကို ရင်ဘတ်ဆီသို့ တဖြည်းဖြည်းချင်း အောက်ချလိုက်ပါ။ လက်ဖဝါးရဲ့ အားအနည်းငယ်သုံးပြီး အကြောဖြေပေးရပါမယ်။ စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

ဘယ်လက်ကို ဘယ်နားရွက်နားကပ်လိုက်ပြီး ကွေးလိုက်ပါ။ ညာလက်ကို ကွေးလိုက်ပြီး ပုံပါအတိုင်း ဘယ်လက်နဲ့ သွားချိတ်လိုက်ပါ။ ဘယ်ညာ တစ်လှည့်စီပြုလုပ်ပေးပါ။ တစ်ဖက်ချင်စီအတွက် စက္ကန့် ၃၀ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးဘက်မှာ ကပ်ထားပေးလိုက်ပါ။ ထို့နောက် ပုခုံးကို နားရွက်ဆီသို့ ပင့်တင်ပေးလိုက်ပါ။ ပင့်တင်လိုက် အောက်ပြန်ချလိုက် တစ်လှည့်စီပြုလုပ်ပေးပါ။ စက္ကန့် ၃၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

နာကျင်မှု ပိုမိုခံစားရတဲ့ လက်တစ်ဖက်ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို မေးစေ့ပေါ် တင်ထားလိုက်ပါ။ ထို့နောက် မေးစေ့ကို အရှေ့ရောက်နိုင်သမျှ များများ တွန်းပို့လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ခန့် နေနေပါ။ ထို့နောက် လက်နှစ်ချောင်းအားဖြင့် မေးစေ့ကို ဖိပြီး အနောက်သို့ တွန်းပို့လိုက်ပါ။ ထိုအနေအထားအတိုင်း ၂ စက္ကန့်ခန့် နေပါ။ ရှေ့တိုး နောက်ဆုတ် စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ပုံမှာ ပြထားသလို လက်ဖဝါးနှစ်ဖက်ကို ဦးခေါင်းပေါ်မှာ စုထားလိုက်ပါ။ မျက်လုံးမှိတ်ထားပြီး ဦးခေါင်းကို ဘယ်ဘက်စောင်းလိုက်ပါ။ စက္ကန့်အနည်းငယ်ခန့် တောင့်ခံပြီးနောက် ညာဘက်သို့ လှည့်ပါ။ စက္ကန့် အနည်းငယ်ကြာရင် အခြားတစ်ဖက် ပြန်ပြောင်းပါ။ ဘယ်ညာ တစ်လှည့်စီကို စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၆)

လက်နှစ်ဖက်ကို အပေါ် မြှောက်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို စုလိုက်ပါ။ လက်နှစ်ဖက်ကို ဆန့်တန်းနိုင်သမျှ အပေါ်သို့ ဆန့်တန်းပြီး စက္ကန့် အနည်းငယ်တောင့်ထားပါ။ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ပြန်ချပြီး တံတောင်နှစ်ဖက်ကို ကွေးလိုက်ကာ အနောက်ဘက်သို့ တွန်းပို့လိုက်ပါ။ တံတောင်ဆစ်နှစ်ခုကို ထိစပ်နိုင်သမျှ ထိကပ်ပေးလိုက်ပါ။ ၂ စက္ကန့်ခန့် တောင့်ခံပြီးမှ လက်မောင်းကို အပေါ် ပြန်မြှောက်လိုက်ပါ။ အပေါ်မြှောက်လိုက် အောက်ပြန်ချလိုက်နဲ့ ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

Source: Brightside.me