မင်္ဂလာပါနော်။ ကျန်းမာလှပပြီး နုပျိုတဲ့အသားအရေကို လူတိုင်းလိုချင်တက်မက်ကြပါတယ်။ ဒါ့ကြောင့်လည်း လှဖို့အတွက်ဆိုရင် ဈေးကြီးပေးရတဲ့ အလှကုန်ပစ္စည်းတွေ ခွဲစိတ်ပြုပြင်မှုတွေလုပ်ကြလေ့ရှိပါတယ်။

ဒီတခါမျှဝေပေးချင်တာကတော့ အသားအရေကို နေ့စဉ်ထိန်းသိမ်းမှုလုပ်ပြီး နုပျိုစိုပြေတဲ့အသားအရေကို ရရှိစေမယ့် နည်းလမ်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ အိပ်ယာမဝင်ခင် မိတ်ကပ်တွေ စင်အောင်ဖျက်ပြီး မျက်နှာသေချာသစ်ပါ။

၂။ မျက်နှာသစ်တဲ့အခါ သင့်ရဲ့ မျက်နှာအသားအရေကို ခပ်ဖွဖွလေး နှိပ်နယ်ပေးခြင်းဖြင့် အရေးအကြောင်းတွေ ကင်းစင်စေမှာဖြစ်ပါတယ်။

၃။ ဝက်ခြံပေါက်လာတဲ့အခါ လက်နဲ့ ခဏခဏ သွားမကိုင်ပါနဲ့။

၄။ သင့်ရဲ့လက်မှာလည်း ဘက်တီးရီးယားတွေ အများကြီးကပ်ညှိနေလို့ မျက်နှာကိုလည်း ခဏခဏ မထိပါနဲ့။

၅။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတအောင်စားပါ။

၆။ အသက် ၃၀ နောက်ပိုင်း Eye Cream သုံးပါ။

၇။ အသားအရေခြောက်သူတွေအတွက် သဘာဝ အဆီ (အုန်းဆီ၊ သံလွင်ဆီ နဲ့ သံပယိုရည်ရောပြီး) လိမ်းပေးလို့ရပါတယ်။

၈။ မျက်နှာသုတ်တဲ့ တဘက်နဲ့ ခန္ဓာကိုယ်သုတ်တဲ့ တဘက်ခွဲထားပါ။

၉။ နေ့စဉ်ရေများများသောက်ပါ။

၁၀။ အသားအရေကို ကြေးချွတ်ပါ။ သကြား နဲ့ ပျားရည်ရောလိမ်းပြီး နှုတ်ခမ်းနဲ့ မျက်နှာအသားအရေသာမက လက် ခြေထောက်အသားအရေတွေကိုပါလိမ်းပြီး ကြေးချွတ်ပေးနိုင်ပါတယ်။