ပျိုမေတို့ဆံကေသာအတွက် အသုံးဝင်မယ့် DIY Healthy Hair Recipes ကို မျှဝေပေးချင်ပါတယ်နော်။ ပုံမှန်လုပ်နေကြဖြစ်တဲ့ ကြက်ဥတို့ သံလွင်ဆီတို့နဲ့ မဟုတ်ပဲနဲ့  ထူးဆန်းစေမယ့် နည်းလမ်းသစ်ကို ပြောပြပေးချင်ပါတယ်နော်… အလှပြင်ဆိုင်တွေမှာလို ဈေးကြီးပေးစရာမလိုပဲ ထိရောက်စေမယ့် နည်းလမ်းဖြစ်လို့ မပျင်းမရိပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆိုရင်တော့ ထူးခြားတဲ့ရလဒ်ကို ကိုယ်တွေ့ခံစားနိုင်မှာပါ။

Oatmeal ဟာ Healthy Meal အဖြစ်တင်မက ဆံပင်အတွက်လည်း ခွန်အားဖြည့်ပေးတဲ့ Nourishment ပါဝင်သော အရာ တစ်ခုဖြစ်ပါတယ်။ ဆံပင်တွေကို သန်စွမ်းနက်မှောင်အောင် ကူညီပေးရုံမျှမက ပိုးသားလိုပျော့ပြောင်းနူးညံ့စေနိုင်စွမ်းလည်း ရှိပါတယ်။ ဆံပင်ပါးတဲ့ ဆံကေသာပိုင်ရှင်တွေအတွက် မဖြစ်မနေ လုပ်သင့်တဲ့ ဆံပင်Treatment လေးပဲဖြစ်ပါတယ်။

ပုံမှန်လုပ်ပေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းသော ဆံပင်တွေကို အရယူလိုက်ကြရအောင်။ အိမ်တွင်း အသုံးအဆောင်ပစ္စည်းတွေနဲ့ သုံးပြီး ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ Treatment လေးဆိုတော့ အကုန်အကျလဲနည်းပြီး ဓာတုဆေးဝါးလည်းမပါဝင်တော့ ထိရောက်ပြီး အကျိုးရှိလှမှာပဲဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ကြည့်လိုက်ရအောင်။

အုတ်ဂျုံ

Almond Oil

နွားနို့

ပါဝင်ပစ္စည်းတွေဖြစ်တဲ့ အုတ်ဂျုံရယ် Almond Oil ရယ် နွားနို့ရယ်ကို အချိုးအစားညီညီ ရောစပ်ပြီး  မိမိဆံသားအထူအပါးပေါ် မူတည်ပြီး ခွက်ထဲမှာ အုတ်ဂျုံကို ခွက်တဝက်ခန့်  Almond Oil နှစ်ဇွန်းအပြင် နို့ကိုလည်းခွက်တစ်ဝက်ခန့်ရော ထည့်ပြီး သေချာစွာမွှေပေးပါ။

အုတ်ဂျုံက နွားနို့အရည်ကို စုပ်သွားတဲ့အထိစောင့်ပြီးမှ ဆံပင်ပေါ်သို့ သုတ်လိမ်းလိုက်ပါ။ ဆံကေသာပေါ်မှာ မိနစ် ၂၀ ၊ ၃၀ ခန့်ကြာထားပြီးမှ ရေနွေးနဲ့ဆေးချလိုက်ပါ။ နောက်ပြီး လျှော်နေကြ အတိုင်းခေါင်းလျှော်ပါ။ တပတ်တခါလောက်လုပ်ပေးပါက သိသာတဲ့ရလဒ်ကို မြင်တွေ့ရမှာပါ။