အားလုံးပဲမင်္ဂလာပါနော်။ အသားအရေကို သေချာလေး ဂရုတစိုက် ထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်။ မိတ်ကပ်လိမ်းတဲ့သူတွေရော မလိမ်းတဲ့သူတွေရော အသားအရေကို သေချာဂရုစိုက်သင့်ပါတယ်။

ဒီတခါမှာတော့ ပျိုမေတို့အားလုံးအတွက် ညအိပ်ယာမဝင်ခင် လုပ်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သင့်မိတ်ကပ်တွေကို Oil-base Cleanser နဲ့ ဖျက်ပေးရပါမယ်။

အရင်ဆုံး သင်လိမ်းထားတဲ့ မိတ်ကပ်တွေ သင့်မျက်နှာမှာ သင်လိမ်းခြယ်ထားတဲ့ အရာတွေကို Oil-base Cleanser နဲ့ ဖျက်ပေးလိုက်ပါ။

၂။ Water-base Cleanser နဲ့ ထပ်ဖျက်ပေးရပါမယ်။

Oil-base Cleanser နဲ့ ဖျက်ပေးပြီးရင် မပြီးသေးပါဘူး။ Water-base Cleanser နဲ့ ထပ်ဖျက်ပေးပါ။ ဒါမှ အဆီတွေ အညစ်အကြေးတွေကို သေချာသန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။

၃။ အသားအရေကို သန့်စင်မယ်။

ချွေးပေါက်ပိတ်နေတဲ့နေရာတွေ၊ မျက်နှာပေါ်က ဆဲလ်သေတွေကို သေချာလေး သန့်ရှင်းရေးလုပ်ပေးပါမယ်။ သကြားလေးနဲ့ ခပ်ပါးပါးလေး ပွတ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ Wet တစ်ရှုးလေးနဲ့ သုတ်ပေးလိုက်ပါ။

၄။ တိုနာ လိမ်းမယ်။

ပြီးရင်တော့ တိုနာလေးနဲ့ သင့်မျက်နှာကို တစ်ခေါက် ထပ်ပြီးသန့်စင်ပေးလိုက်ပါ။

၅။ မျက်နှာသစ်မယ်။

အဲဒီနောက် မျက်နှာသစ်ပေးရပါမယ်။ သင်အကြိုက်ဆုံး သင်နဲ့ အသင့်တော်ဆုံး မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပေးပါ။ အဲဒီလိုသစ်တဲ့အခါမှာ မျက်နှာသစ်ဆေးကို မျက်နှာပေါ် တိုက်ရိုက်မတင်ဘဲ လက်ဖဝါးမှာ အမြုပ်လေးထွက်အောင်ပွတ်ပေးပြီးမှ မျက်နှာပေါ် တင်ပြီး မျက်နှာသစ်ပေးပါ။

၆။ Mask အုပ်မယ်။

ပြီးရင်တော့ သင့်မျက်နှာကိုခြောက်အောင်ပြန်သုတ်လိုက်ပြီး Mask လေးနဲ့ ပေါင်းတင်ပေးလိုက်ပါ။ သင့်အသားအရေနဲ့ သင့်တော်တာကိုသုံးပါ။

၇။ မျက်လုံးအတွက် Eye Cream လိမ်းမယ်။

သင့်မျက်လုံးနားမှာ အရေးကြောင်းတွေ၊ Smile Line လေးတွေ ရှိနေတတ်ပါတယ်။ အသက် ၂၄၊ ၂၅ အရွယ်ဆိုရင်တော့ မဖြစ်မနေ လိမ်းပေးပါလို့အကြံပြုချင်ပါတယ်။

၈။ Moisturizer လိမ်းမယ်။

ဒါတွေအားလုံးပြီးသွားရင်တော့ Moisturizer လေးလိမ်းပေးပြီး ညအိပ်ယာဝင်လိုက်ရုံပါပဲ။ မနက်ကျရင် သင့်အသားအရေလေးက ပိုပြီး ကြည်ကြည်လေးဖြစ်နေစေမှာပါနော်။