COVID-19 ကပ်ဘေးကြီးဟာ ကျွန်တော်တို့ခေတ်ရဲ့ အဆိုးဆုံးကပ်ရောဂါဘေးကြီးအဖြစ် ရောက်ရှိလာပြီး လူ့အဖွဲ့အစည်းကို ခြောက်လှန့်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့အတူ ကျွန်တော်တို့ရဲ့ လူမှုပုံစံဟာလည်း အပြောင်းအလဲတွေ ဖြစ်လာပါတယ်။

Mask တပ်ပြီး သွားလာရခြင်း ၊ လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရခြင်း နဲ့ အိမ်မှာပဲ နေထိုင်ဖို့ ဖြစ်လာခြင်းဟာ ဒီနေ့ခေတ်ရဲ့ နေ့စဉ်လူမှုပုံစံသစ် တစ်ခုလို့ ဆိုရမှာပါ။ အလုပ်လုပ်သူတွေအတွက်လည်း ကူးစက်ရောဂါဘေးကနေ ဝေးစေဖို့ အိမ်မှာပဲ အလုပ်လုပ်ရတဲ့ Work From Home စနစ်ကို လိုက်နာနေရပါတယ်။

Photo : Creative Market

Work From Home ဆိုတဲ့ အတိုင်း အိမ်ထဲမှာ ခြေချုပ်မိနေပြီး အလုပ်စားပွဲနဲ့ အိမ်ခန်းထဲမှာပဲ ကူးသန်းနေရတာ ဖြစ်ပါတယ်။ ဒီတော့ နေ့စဉ်ဆိုသလို လှုပ်လှုပ်ရှားရှားနေရဖို့ထက် အကြာကြီး ထိုင်နေမိဖို့က ရာခိုင်နှုန်းများပါတယ်။ နာရီနဲ့ချီပြီး အကြာကြီး ထိုင်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။

အထူးသဖြင့် နှလုံးရောဂါ ၊ အဝလွန်ခြင်း ၊ သွေးဖိအားမြင့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တစ်နေကုန် လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းကပဲ ဆီးချိုသွေးချို ၊ သွေးတိုး ၊ လေဖြတ် ၊ ကိုလက်စထရောမြင့်ခြင်းနဲ့ နှလုံးရောဂါတွေ အဖြစ်နည်းစေပါတယ်။ ဒါ့ကြောင့် အိမ်မှာ တစ်နေကုန် နေရတယ်ဆိုရင်လည်း အိမ်တွင်း ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။

နောက်တစ်ခုက ကျန်းမာရေးနဲ့ ညီတဲ့ အာဟာရဓါတ်စာ Diet စားပေးရမှာပါ။ အရေးကြီးဆုံး အချက်က အချိုနဲ့ ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ ဒီအစားအစာတွေက ကိုယ်အလေးချိန် အမြန်တက်စေဖို့ ဝခြင်းနဲ့ ကိုလက်စထရောတက်ခြင်းတို့ ဖြစ်စေလို့ပါ။

Photo : Finder

ဒါကြောင့် Work From Home လို အိမ်မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေချိန်မှာ အစားအသောက်ကို မျှတရုံပဲ စားပါ။ Overeat မဖြစ်ပါစေနဲ့ ။ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။ ဆေးလိပ်ဖြတ်ပါ။ ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး တစ်နေ့ကို မိနစ် ၃၀ လောက်တော့ လုပ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။